ကြယ္လြန္သြားတာ (၆)နွစ္နီးပါးရိွျပီျဖစ္တဲ့ အက္ရွင္မင္းသား ဂၽြန္ကိုနဲ့ အမွတ္တရေတြကို သတိရလြမ္းဆြတ္ေနတဲ့ ခင္လိႈင္

နယ္ပရိသတ္အမ်ားစု အားေပးၾကတဲ့ မင္းသား ဂၽြန္ကိုကေတာ့ လြန္ခဲ့တဲ့ (၂၀၁၄)ခုနွစ္၊ ေအာက္တိုဘာ (၃၁) ရက္ေန့မွာ ဘဝတစ္ပါးသို့ ကူးေျပာင္းသြားတာပဲ ျဖစ္ပါတယ္။ ဂၽြန္ကိုက မကြယ္လြန္ခင္အခ်ိန္ထိ ဗီဒီယိုဇာတ္ကားေတြ မ်ားစြာကို ရိုက္ကူးခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို တခဲနက္ရရိွပို္င္ဆိုင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဂၽြန္ကိုကေတာ့ ဦးေနွာက္အေမွးေယာင္ေရာဂါနဲ့ ကြယ္လြန္သြားခဲ့တဲ့ (၆)နွစ္တာ ရိွျပီျဖစ္ေပမယ့္ သူ့ကိုခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ့ မိသားစုဝင္ေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိ သတိတရရိွေနဆဲ ျဖစ္ပါတယ္။

 

 

ဒီေန့မွာလည္း ဇာတ္ပို့သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခင္လိႈင္က လြန္ခဲ့တဲ့ (၇)နွစ္က ဂၽြန္ကိုနဲ့ ရုပ္ရွင္အတူ ရိုက္ကူးခဲ့တဲ့ အမွတ္တရေလးကို ျပန္လည္မွ်ေဝရင္း “ခ်စ္​ညီ​ေလး ဂြၽန္​ကို နဲ႔ လြန္​ခဲ့​ေသာ ၇ ႏွစ္​က ႐ိုက္​ခဲ့​ေသာ ဇာတ္​ကား​ေလး “​ေမ့သားဇာနည္”​။ ခ်စ္​ညီ​ေလး​ေကာင္​း​ေသာဘံုဘဝမွာ​ေရာက္​႐ွိ​ေနပါ​ေစ။” ဆိုျပီး သတိတရ ေျပာထားပါတယ္။

 

 

ခင္လိႈင္ကေတာ့ သူနဲ့ အလုပ္ေတြ အတူတူ လုပ္ကိုင္ခဲ့ဖူးတဲ့ ဂၽြန္ကိုကို ဒီေန့အခ်ိန္ထိ သတိရေနဆဲ ျဖစ္ပါတယ္။ အက္ရွင္မင္းသားေခ်ာ ဂၽြန္ကိုလည္း အခုခ်ိန္ဆို ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းစြာ အနားယူေနေလာက္ျပီ ထင္ပါတယ္ေနာ္။

 

 

Source: Khin Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကွယ်လွန်သွားတာ (၆)နှစ်နီးပါးရှိပြီဖြစ်တဲ့ အက်ရှင်မင်းသား ဂျွန်ကိုနဲ့ အမှတ်တရတွေကို သတိရလွမ်းဆွတ်နေတဲ့ ခင်လှိုင်

နယ်ပရိသတ်အများစု အားပေးကြတဲ့ မင်းသား ဂျွန်ကိုကတော့ လွန်ခဲ့တဲ့ (၂၀၁၄)ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာပဲ ဖြစ်ပါတယ်။ ဂျွန်ကိုက မကွယ်လွန်ခင်အချိန်ထိ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂျွန်ကိုကတော့ ဦးနှောက်အမှေးယောင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ (၆)နှစ်တာ ရှိပြီဖြစ်ပေမယ့် သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုဝင်တွေကတော့ ဒီနေ့ဒီအချိန်ထိ သတိတရရှိနေဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်က လွန်ခဲ့တဲ့ (၇)နှစ်က ဂျွန်ကိုနဲ့ ရုပ်ရှင်အတူ ရိုက်ကူးခဲ့တဲ့ အမှတ်တရလေးကို ပြန်လည်မျှဝေရင်း “ချစ်ညီလေး ဂျွန်ကို နဲ့ လွန်ခဲ့သော ၇ နှစ်က ရိုက်ခဲ့သော ဇာတ်ကားလေး “မေ့သားဇာနည်”။ ချစ်ညီလေးကောင်းသောဘုံဘဝမှာရောက်ရှိနေပါစေ။” ဆိုပြီး သတိတရ ပြောထားပါတယ်။

ခင်လှိုင်ကတော့ သူနဲ့ အလုပ်တွေ အတူတူ လုပ်ကိုင်ခဲ့ဖူးတဲ့ ဂျွန်ကိုကို ဒီနေ့အချိန်ထိ သတိရနေဆဲ ဖြစ်ပါတယ်။ အက်ရှင်မင်းသားချော ဂျွန်ကိုလည်း အခုချိန်ဆို ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနေလောက်ပြီ ထင်ပါတယ်နော်။

Source: Khin Hlaing’s fb
Bilie – Cele Connections

 

error: Alert: Content is protected !!