ယူနီကုဒ်ဖြင့်ဖတ်ရန်
ကပ်ကြီးပြီးသွားချိန်တောင် ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ဖို့ စောင့်ဆိုင်းရဦးမယ့်အကြောင်းကို ရင်ဖွင့်လာတဲ့ မိုးမိုး
အဆိုတော် မိုးမိုးကတော့ သူ့ရဲ့ အမိုက်စား တေးသီချင်းတွေကြောင့် ပရိသတ်တွေကြားမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်နေသူတစ်ယောက်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနုပညာလုပ်ငန်းတွေ ရပ်နားထားရတဲ့ အဆိုတော်မိုးမိုးက အဆိုတော်တစ်ယောက်အနေနဲ့ ကပ်ကြီးပြီးချိန်မှာတောင် အနုပညာလုပ်ငန်းတွေ ပြန်လုပ်လို့ မရသေးကြောင်းကို အခုလိုပဲ တွက်ချက်ပြီး ပြောဆိုလာတာကို တွေ့ရပါတယ်။
“ဒီနေ့ တချို့ အလုပ်ရုံတွေ လုပ်ငန်းတွေဖွင့်ပါတယ်။ တချို့ကတော့ ဆက်လက်ပိတ်ထားဆဲပါပဲ။ ကျတော်တို့ရဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကရော ဘယ်တော့ ပြန်ဖွင့် ပြန်လည်ပတ်မှာလဲ?? ဟုတ်ကဲ့ ကပ်ရောဂါ အားလုံးပြီးဆုံးတဲ့အခါ အခြေခံစီးပွားရေးလုပ်ငန်းတွေကစတင်ပြီး လုပ်ငန်းတွေ အကုန်စတင်လည်ပတ်ကြရပါမယ်။ တချို့တွေက ပျက်ဆီးဆုံးရှုံးမှုတွေရှိနိုင်လို့ တစ်ကနေ ပြန်စပြီး လုပ်ကြရမယ်။”
“အဲဒီအခြေအနေကနေ ပုံမှန်လို လည်ပတ်နိုင်တဲ့အခါ လူတွေရဲ့လက်ထဲ ငွေ စတင်ရောက်လာပါမယ်။ အဲ့ဒီကနေ တဆင့် သူတို့ရဲ့ စားဝတ်နေရေး မပူပန်ကြရတဲ့အခ့ါမှ အနည်းငယ် အပန်းဖြေချင်လာကြလိမ့်မယ်။ အဲ့ဒီအချိန်ကမှ စလို့ ဖျော်ဖြေရေးလုပ်ငန်းတွေ စတင်လာမှာပါ။ မပူပါနဲ့ သူငယ်ချင်းတို့ ကပ်ကြီးအပြီး (ကပ်ပြီးချိန်ကစတွက်ရင်တောင်) အနည်းဆုံး ၃ လ ပဲ သူငယ်ချင်းရေ ” ဆိုပြီး ရင်ဖွင့်ပြောဆိုလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတွေ၊ လုပ်ငန်းရှင်တွေလည်း တော်တော်လေး ဒုက္ခရောက်ကြရသလို မိုးမိုးတို့လို အနုပညာရှင်တွေအနေနဲ့လည်း အကြပ်အတည်း ကြုံတွေ့ရတာပဲ ဖြစ်ပါတယ်။ ဒီကပ်ဆိုးကြီး အမြန်ဆုံးပြီးပြီး အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Moe Sithu Kyaw’s fb
Bilie – Cele Connections
error: Alert: Content is protected !!