ကင္ဆာေရာဂါေဝဒနာသည္မ်ားအတြက္ နိုင္ငံျခားက သူမရဲ့ ဆရာဝန္ေပးတဲ့ အကိုက္အခဲေပ်ာက္ေဆး နည္းလမ္းတစ္ခုကို ေျပာျပလာတဲ့ မီးမီးခဲ

နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ မီးမီးခဲ့က ကင္ဆာေရာဂါ ေဝဒနာ အဆင့္ (၄) ကို ေက်ာ္ျဖတ္ခဲ့ျပီး အခုခ်ိန္ထိတိုင္ ေဆးကုသမႈ ခံယူေနရဆဲ ျဖစ္ပါတယ္။ နိုင္ငံရပ္ျခားမွာ ေနထိုင္ေနတဲ့ မီးမီးခဲက သူမရဲ့ ကင္ဆာေရာဂါကို နိုင္ငံျခားမွာပဲ ကုသေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ မီးမီးခဲက မနက္ျဖန္ ကင္ဆာေရာဂါအတြက္ ေဆးျပန္စစ္ရေတာ့မွာျဖစ္တာေၾကာင့္ သူမအတြက္ ဆုေတာင္းေပးၾကဖို့ အခုလိုပဲ ေျပာထားပါတယ္။

 

 

“မနက္ျဖန္မွာ၃ လတခါ ေဆးျပန္စစ္ရေတာ့မွာပါ။ ဆုေတာင္းသတိရေပးၾကပါေနာ္။ ကၽြန္မလဲ ဒီအေတာအတြင္း အမွန္အတိုင္းေျပာရင္ သိပ္ေနမေကာင္းပါ။ ကင္ဆာ ေဝဒနာရဲ ့ေဘးထြက္ဆိုးက်ိဳးကို ဖိဖိစီးစီး ခံစားေနရတာ ျဖစ္ပါတယ္။ ေဆးဒဏ္ေတြေၾကာင့္ ကိုက္ခဲျခင္းေဝဒနာ ကို ညဘက္ေတြမွာေတာင္ အိပ္ေရးပ်က္ေပါင္းမ်ားစြာနဲ ့ေပါ့။ ဒါ့ေၾကာင့္facebook မသံုးျဖစ္တာပါ။”

 

 

“ဒါနဲ႔ၾကားျဖတ္ ကၽြန္မရဲ ့အထူးကုဆီဖုန္းဆက္ေမးေတာ့ သူက ဘာေဆးေပးတယ္မွတ္လဲ? ဝမ္းေပ်ာ့ေဆးကိုသာေပးပါတယ္။ ပထမေတာ့ လူက ဘာလဲေပါ့ေနာ္။ ေနာက္ေတာ့သူေပးတဲ့ေဆးမုန္ ့ထုတ္ကို ၃ ရက္ေလာက္ေသာက္ၿပီးခ်ိန္မွာေတာ့ လံုးဝကို မကိုက္ခဲေတာ့တာပါ။ ကၽြန္မ မွ်ေဝခ်င္တာေလးက ကင္ဆာေရာဂါသည္တိုင္း ဝမ္းပံုမွန္သြားရပါမယ္။တေန ့ကိုဝမ္းထဲမွာရွိတဲ့ဝမ္းအကုန္အစင္သြားရင္ေတာ့ျဖင့္ကိုက္ခဲျခင္းေတြေလ်ာ့ပါးသြားမွာပါလို ့ ထပ္ဆင့္မွ်ေဝေပးခ်င္ပါတယ္။ မနက္ျဖန္အတြက္လဲ သတိတရဆုေတာင္းေပးၾကပါေနာ္။ မိတ္ေဆြမ်ားလဲ ေရာဂါ မ်ားကင္းေဝးၾကပါေစ” ဆိုျပီး ဆုေတာင္းေပးထားပါတယ္။

 

 

မီးမီးခဲကေတာ့ ကင္ဆာေရာဂါေဝဒနာကို အခ်ိန္မ်ားမ်ားခံစားခဲ့ရျပီး အခုဆိုရင္ သက္သာစ ျပဳေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မီးမီးခဲတစ္ေယာက္ ေဆးစစ္ခ်က္ အဆင္ေျပေခ်ာေမြ့ပါေစလို့ ဆုေတာင္းေပးၾကပါဦးေနာ္။

 

 

Source: The Real Mee Mee Khel-မီးမီးခဲ’s fb
Bilie _Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကင်ဆာရောဂါဝေဒနာသည်များအတွက် နိုင်ငံခြားက သူမရဲ့ ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေး နည်းလမ်းတစ်ခုကို ပြောပြလာတဲ့ မီးမီးခဲ

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ မီးမီးခဲ့က ကင်ဆာရောဂါ ဝေဒနာ အဆင့် (၄) ကို ကျော်ဖြတ်ခဲ့ပြီး အခုချိန်ထိတိုင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ မီးမီးခဲက သူမရဲ့ ကင်ဆာရောဂါကို နိုင်ငံခြားမှာပဲ ကုသနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မီးမီးခဲက မနက်ဖြန် ကင်ဆာရောဂါအတွက် ဆေးပြန်စစ်ရတော့မှာဖြစ်တာကြောင့် သူမအတွက် ဆုတောင်းပေးကြဖို့ အခုလိုပဲ ပြောထားပါတယ်။

“မနက်ဖြန်မှာ၃ လတခါ ဆေးပြန်စစ်ရတော့မှာပါ။ ဆုတောင်းသတိရပေးကြပါနော်။ ကျွန်မလဲ ဒီအတောအတွင်း အမှန်အတိုင်းပြောရင် သိပ်နေမကောင်းပါ။ ကင်ဆာ ဝေဒနာရဲ့ဘေးထွက်ဆိုးကျိုးကို ဖိဖိစီးစီး ခံစားနေရတာ ဖြစ်ပါတယ်။ ဆေးဒဏ်တွေကြောင့် ကိုက်ခဲခြင်းဝေဒနာ ကို ညဘက်တွေမှာတောင် အိပ်ရေးပျက်ပေါင်းများစွာနဲ့ပေါ့။ ဒါ့ကြောင့်facebook မသုံးဖြစ်တာပါ။”

“ဒါနဲ့ကြားဖြတ် ကျွန်မရဲ့အထူးကုဆီဖုန်းဆက်မေးတော့ သူက ဘာဆေးပေးတယ်မှတ်လဲ? ဝမ်းပျော့ဆေးကိုသာပေးပါတယ်။ ပထမတော့ လူက ဘာလဲပေါ့နော်။ နောက်တော့သူပေးတဲ့ဆေးမုန့်ထုတ်ကို ၃ ရက်လောက်သောက်ပြီးချိန်မှာတော့ လုံးဝကို မကိုက်ခဲတော့တာပါ။ ကျွန်မ မျှဝေချင်တာလေးက ကင်ဆာရောဂါသည်တိုင်း ဝမ်းပုံမှန်သွားရပါမယ်။တနေ့ကိုဝမ်းထဲမှာရှိတဲ့ဝမ်းအကုန်အစင်သွားရင်တော့ဖြင့်ကိုက်ခဲခြင်းတွေလျော့ပါးသွားမှာပါလို့ ထပ်ဆင့်မျှဝေပေးချင်ပါတယ်။ မနက်ဖြန်အတွက်လဲ သတိတရဆုတောင်းပေးကြပါနော်။ မိတ်ဆွေများလဲ ရောဂါ များကင်းဝေးကြပါစေ” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

မီးမီးခဲကတော့ ကင်ဆာရောဂါဝေဒနာကို အချိန်များများခံစားခဲ့ရပြီး အခုဆိုရင် သက်သာစ ပြုနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မီးမီးခဲတစ်ယောက် ဆေးစစ်ချက် အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Source: The Real Mee Mee Khel-မီးမီးခဲ’s fb
Bilie _Cele Connections

error: Alert: Content is protected !!