

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“Stay Homeနေတာများလို့ ငယ်မူပြန်ကုန်ပြီဆိုတဲ့ ခြူးလေး”

MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ရွှေဖူးစာဆုံရာမြေ” ဇာတ်လမ်းတွဲတွေ ချိုချိုချစ်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး ခြူးလေးနဲ့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ခြူးလေးကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာကော ဂီတပိုင်းမှာပါ အောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ခြူးလေးကတော့ အိမ်မှာနေရင်း သူမရဲ့ချန်ဖူးလေးတွေအတွက် ရယ်စရာဟာသဗီဒီယိုများနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှတော့ ခြူးလေးက”အိမ်မှာ နေရတာ များလာလို့ ငယ်မူ ပြန်သွားတာလေ…. ဒီကောင်လေး ချောတယ် ဟုတ်”လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ အိမ်မှာနေရတာများသွားလို့ ကလေးဘဝပြန်ဖြစ်သွားတဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ခြူးလေးရဲ့ ကလေးဘဝလေးပြန်ရောက်သွားတဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ခြူးလေးရဲ့ ငယ်မူပြန်တဲ့ပုံရိပ်လေးကို ကြည့်ကာ ကြည်နူးမိမယ်ထင်ပါတယ်။

Soure…. Chue Lay’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!