ယူနီကုဒ်ဖြင့် ဖတ်ရန်
“Quaratine ဝင်နေတဲ့ သူတွေအတွက် ပုတ်ခတ်ပြောဆိုနေတာမျိုးတွေကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ သီရိရှင်းသန့်”
သရုပ်ဆောင် မော်ဒယ်မလေးသီရိရှင်းသန့်ကိုတော့Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ လက်ရှိမှာ သီရိရှင်းသန့် ပိုးတွေ့ရှိတဲ့ သူတွေ တက်ရောက်ခဲ့တဲ့ ဘာသာရေးပွဲတစ်ခုကို တက်ရောက်ခဲ့တာကြောင့် သံသယလူနာအနေနဲ့ ဆေးစစ်မှုကို ခံယူခဲ့ပြီး Negative အဖြေကို ရရှိခဲ့သူပါ..။ ဆေးစစ်အဖြေက Negative ဖြစ်နေပေမယ့် သူမကတော့ ဆက်လက် Quaratine ဝင်နေတာပဲဖြစ်ပါတယ်..။ သူမရဲ့ ကိုယ်ပိုင် အသိစိတ်နဲ့ ဆက်လက် ပြီး Quaratine ဝင်နေပေမယ့် မဟုတ်မမှန်တဲ့သတင်းတွေနဲ့ ပုတ်ခတ်ပြောဆိုမှုတွေကြောင့် ခံစားနေရတဲ့ သူမရဲ့ ခံစားချက်တွေကို ဒီနေ့ ဧပြီလ (၂၀)ရက်နေ့မှာ “ဘယ်သူကရော ရောဂွ အကူးစက်ခံချင်မှာလဲ..??
အစစ်ဆေးခံတာ ဘာများမှာလို့လဲ..။ အိမ်မှာနေပြီး မသိသလို နေလို့ရတာပဲ.။ အဆဲမခံရအောင် …တွေ လူတွေ အပြစ်ပြောဖို့လောက်ပဲ..။ ကိုယ်ကိုယ်တိုင်ကရော အကူးစက်မခံနိုင်တော့ဘူးလား..။ ဒီရောဂါကို တိုက်ထုတ်နေတဲ့ အချိန်မှာ Facebook Attack လုပ်ခံရလို့ စိတ်ပိုင်းဆိုင်ရာ ကိုယ့်ကိုယ်ကို ပြန်ပြီး Build Up လုပ်နေရတယ်ဆိုတာ နားလည်စေချင်တယ်.။ မလိုလားအပ်တဲ့ အပြင်က Gossips တွေနဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ သယ်မလာဖို့ မေတ္တာရပ်ခံချင်ပါတယ်..။ လူ့သဘာဝအရ စပ်စုတာ လက်ခံလို့ရပေမယ့် Privacy ချိုးဖောက်ပြီး Cyber Bullying တော့ မလုပ်ကြဖို့ ရန်အတွက် အားလုံးရဲ့ ကိုယ်စား မေတ္တာရပ်ခံချင်ပါတယ်..။ ကိုယ့်တစ်ယောက်တည်းအတွက် ပြောတာ မဟုတ်ပါ..။ အားလ့ုံးရဲ့ ကိုယ်စားပြောဆိုခြင်းပါ..။ Media တွေလည်း နာမည်ကြီးဖို့ တစ်ခုတည်းနဲ့ မဟတ်ုမမှန်တဲ့ သတင်းတွေ ရေးပြီး Media Ethic မရှိတာကို မြင်နေရတော့ အရမ်းကို စိတ်ပျက်မိတယ်.။ အချင်းချင်းဖေးမကြပါ..။
ကိုယ်ချင်းစာတရားရှိကြပါ..။ သူ့နေရာမှာ ကိုယ်သာဆိုရင်ရော ဆိုတဲ့ အတွေးလေးတွေနဲ့ လူတိုင်းအပေါ် မေတ္တာထားနိုင်ကြပါစေ..။ ပုထုစဉ် လူသားးတွေ ဖြစ်တဲ့အတွက် လူတိုင်း အမှားမကင်းကြပါဘူး..။ အချင်းချင်းမေတ္တာထားနိုင်ကြပါစေ..။” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ ကိုယ်တိုင် ပိုးတွေ့ရှိထားသူမဟုတ်ပေမယ့် ဆက်လက်ပြီးစိတ်ချရတဲ့ အခြေအနေဖြစ်တဲ့အထိ Quaratineဝင်နေတဲ့သူတွေကို ပုတ်ခတ်ပြောဆိုတာမျိုးတွေကို မလုပ်ကြဖို့ သူမဘက်ကနေ မေတ္တာရပ်ခံလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ပိုးတွေ့ရှိသူတွေ မဟုတ်ပေမယ့် ဆက်လက်ပြီး အများအတွက် စိတ်ပင်ပန်းမှုတွေနဲ့ Quaratine ဝင်နေတဲ့ သီရိရှင်းသန့်တို့အတွက်   အားပေးစကားလေးတွေ  ရေးပေးသွားကြပါဦးနော်..။
Source: Thri Shinn Thant’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!