

 


 


Source : KiKi
ယူနီကုတ်ဖြင့်ဖတ်ရန်

” COVID-19 ကိုရိုနာ Virus ပြန့်ပွားမှုသက်သာစေဖို့ လက်ဆေး ပညာပေး Dance Challenge လေးကို စိန်ခေါ်လိုက်တဲ့ ကိကိရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ကိကိကတော့ အချက်ကျကျပြန်ပြောတတ်တာတွေကြောင့် စကားတတ်လွန်းတဲ့ သူမကို ပရိသတ်တွေ အချစ်ပိုနေတာပဲ ဖြစ်ပါတယ်။အမှတ်မထင် သူမမေမေနဲ့ ဆော့ကစားရင်း ဈေးရောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကနေ ကိကိကို ပရိသတ်တွေအသိများလာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်ပြီး ” ကိကိလေးနဲ့တူတူ လက်ဆေး ပညာပေး Dance Challenge လေးမှာပါဝင်ပြီး တဖက်တလမ်းက ကုသိုလ်ယူကြရအောင်နော် တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးက ကြောက်လန့်စိုးရိမ်နေတဲ့ COVID-19 ကိုရိုနာ Virus ပြန့်ပွားနေတာကို စိုးရိမ်ရုံနဲ့မပြီးပါဘူးနော် မိမိတို့ကိုယ်တိုင်လည်း ကာကွယ်ဖို့ လက်ဆေးဖို့လည်း မမေ့ပါနဲ့နော်အခုအားလုံးစိုးရိမ်ပူပန်မှုများ နည်းနည်းလေးလောက်ဖြစ်ဖြစ် ပြေလျော့သွားအောင် ကိကိလေးနှင့်တူတူ မြူးမြူးကြွကြွ ပျော်ပျော်ပါးပါး ကကြပြီး ဆပ်ပြာနဲ့ လက်ဆေးရအောင်နော် ” ဆိုတဲ့စာလေးနဲ့ ဈေးသည်ကြီးကိကိကတော့လက်ဆေးဖို့ အကလေးနဲ့ တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ကိကိလေးရဲ့ လက်ဆေး ပညာပေး Dance Challenge လေးမှာပါဝင်ချင်တဲ့သူတွေ CeleConnections ပရိသတ်ကြီးထဲမှာရှိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : KiKi
Candy –CeleConnections

error: Alert: Content is protected !!