ျပိဳကြဲေနတဲ့မိသားစုမွာ ၾကီးျပင္းလာရတဲ့အတြက္ ခ်စ္ျခင္းေတြနဲ႔ၿပီးျပည့္စုံေသာအိမ္ေထာင္ေရးတစ္ခုကို လိုခ်င္တယ္ဆိုတဲ့ ဥကၠာမင္းေမာင္

နုိင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဥကၠာမင္းေမာင္ကေတာ့ သူ့ကိုယ္သူ LGBT တစ္ေယာက္အျဖစ္ ပြင့္လင္းစြာ ခံယူထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ဥကၠာမင္းေမာင္က သူ့ရဲ့ သူငယ္ခ်င္း ဒီဇိုင္နာေကာင္းျမတ္တုိ့အတြဲရဲ့ Anniversary အတြက္ ဆုေတာင္းေပးထားျပီး သူျဖတ္သန္းခဲ့ရတဲ့ ငယ္ဘဝကို ေျပာျပလာပါတယ္။ Broken Family မွာၾကီးျပင္းလာသူတစ္ေယာက္ျဖစ္တဲ့အတြက္ ခ်စ္ျခင္းေတြနဲ႔ၿပီးျပည့္စုံေသာအိမ္ေထာင္ေရးတစ္ခုကို လိုခ်င္တာမဆန္းေၾကာင္း ဥကၠာမင္းေမာင္က အခုလို ေျပာျပထားတာပဲ ျဖစ္ပါတယ္။

 

 

“လူႏွစ္ေယာက္ခ်စ္ၾကတာ မဂၤလာပါ။ ဖိုနဲ႔မ စုံတြဲေတြေတာင္မွ ေဖာက္ျပန္တာေတြ၊ လင္မယားကြဲတာေတြျဖစ္ေနပ်က္ေနၾကားေနရတာ ခုေခတ္ႀကီးမွာ အားလုံးအသိပါ။ ကြၽန္ေတာ္ကိုယ္တိုင္ မိတကြဲဖတကြဲနဲ႔ ႀကီးျပင္းလာခဲ့တာ ေဖႀကီးနဲ႔ေမႀကီးက အၿမဲရန္ျဖစ္ၿပီး ကြဲလိုက္ ျပန္ေပါင္းလိုက္နဲ႔ ေနာက္ဆုံး ကြာခဲ့ေပမယ့္ ေဖႀကီးကင္ဆာျဖစ္ေတာ့ ေဖႀကီးနားကို ေမႀကီး ျပန္လာၿပီး အစစအရာရာ မၿငိဳမျငင္ျပဳစုေပးခဲ့တယ္။ ေဖႀကီးလဲ ေမႀကီးလက္ေပၚတင္ဆုံးသြားခဲ့တယ္။ ေမႀကီးကလဲ ငိုလိုက္တာ။ ဘယ္ေလာက္ပဲ မတည့္ေသာ္လဲပဲ သံေယာဇဥ္ဆိုတာ ရင္ထဲမွာရွိေနတာေလ။”

 

 

“ကြၽန္ေတာ့္အေဖနဲ႔ အေမက ေသတဖန္သက္တဆုံး တူတူမခြဲ ခ်စ္ျပသြားေသာ ခ်စ္ျခင္းမ်ိဳးမဟုတ္ေပမယ့္ ခ်စ္တယ္ဆိုတာထက္ပိုၿပီး သိမ္ေမြ႕နက္ရွိူင္းေသာ ခ်စ္ျခင္းေမတၱာတစ္ခုပါ။ကြၽန္ေတာ့္လို Broken family က ႀကီးျပင္းေသာ လူတစ္ေယာက္ဟာ ခ်စ္ျခင္းေတြနဲ႔ၿပီးျပည့္စုံေသာအိမ္ေထာင္ေရးတခုကို လိုခ်င္တာ မဆန္းပါဘူး။ ကိုယ္ခ်စ္တဲ့သူနဲ႔ ေအးေအးခ်မ္းခ်မ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ဘဝကို ျဖတ္သန္းသြားခ်င္တယ္။ အထူးသျဖင့္ LGBTQ ေတြရဲ႕ Relationship ေတြမွာလဲ သာယာေအးခ်မ္း ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဘဝေတြရွိတယ္ဆိုတာကို တခ်ိဳ႕နားလည္မႉမရွိေသးတဲ့ လက္မခံႏိုင္ေသးတဲ့သူေတြကို သက္ေသျပခ်င္တယ္။” ဆိုျပီး ေျပာလာပါတယ္။

 

 

ဥကၠာမင္းေမာင္ကေတာ့ လက္ရိွမွာ သူ့ကို အရမ္းခ်စ္ျပီး နားလည္မႈအျပည့္ေပးနိုင္တဲ့ခ်စ္သူနဲ့ လက္တြဲထားတာ (၃) နွစ္နီးပါးရိွေနျပီ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္တစ္ေယာက္ သူလိုခ်င္တဲ့ခ်စ္ျခင္းေတြနဲ႔ၿပီးျပည့္စုံေသာအိမ္ေထာင္ေရးတစ္ခုကို ပိုင္ဆိုင္နိုင္ပါေစလို့ Cele Connections မွ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

 

 

Source: Okkar Min Maung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပြိုကွဲနေတဲ့မိသားစုမှာ ကြီးပြင်းလာရတဲ့အတွက် ချစ်ခြင်းတွေနဲ့ပြီးပြည့်စုံသောအိမ်ထောင်ရေးတစ်ခုကို လိုချင်တယ်ဆိုတဲ့ ဥက္ကာမင်းမောင်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ သူ့ကိုယ်သူ LGBT တစ်ယောက်အဖြစ် ပွင့်လင်းစွာ ခံယူထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဥက္ကာမင်းမောင်က သူ့ရဲ့ သူငယ်ချင်း ဒီဇိုင်နာကောင်းမြတ်တို့အတွဲရဲ့ Anniversary အတွက် ဆုတောင်းပေးထားပြီး သူဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝကို ပြောပြလာပါတယ်။ Broken Family မှာကြီးပြင်းလာသူတစ်ယောက်ဖြစ်တဲ့အတွက် ချစ်ခြင်းတွေနဲ့ပြီးပြည့်စုံသောအိမ်ထောင်ရေးတစ်ခုကို လိုချင်တာမဆန်းကြောင်း ဥက္ကာမင်းမောင်က အခုလို ပြောပြထားတာပဲ ဖြစ်ပါတယ်။

“လူနှစ်ယောက်ချစ်ကြတာ မင်္ဂလာပါ။ ဖိုနဲ့မ စုံတွဲတွေတောင်မှ ဖောက်ပြန်တာတွေ၊ လင်မယားကွဲတာတွေဖြစ်နေပျက်နေကြားနေရတာ ခုခေတ်ကြီးမှာ အားလုံးအသိပါ။ ကျွန်တော်ကိုယ်တိုင် မိတကွဲဖတကွဲနဲ့ ကြီးပြင်းလာခဲ့တာ ဖေကြီးနဲ့မေကြီးက အမြဲရန်ဖြစ်ပြီး ကွဲလိုက် ပြန်ပေါင်းလိုက်နဲ့ နောက်ဆုံး ကွာခဲ့ပေမယ့် ဖေကြီးကင်ဆာဖြစ်တော့ ဖေကြီးနားကို မေကြီး ပြန်လာပြီး အစစအရာရာ မငြိုမငြင်ပြုစုပေးခဲ့တယ်။ ဖေကြီးလဲ မေကြီးလက်ပေါ်တင်ဆုံးသွားခဲ့တယ်။ မေကြီးကလဲ ငိုလိုက်တာ။ ဘယ်လောက်ပဲ မတည့်သော်လဲပဲ သံယောဇဉ်ဆိုတာ ရင်ထဲမှာရှိနေတာလေ။”

“ကျွန်တော့်အဖေနဲ့ အမေက သေတဖန်သက်တဆုံး တူတူမခွဲ ချစ်ပြသွားသော ချစ်ခြင်းမျိုးမဟုတ်ပေမယ့် ချစ်တယ်ဆိုတာထက်ပိုပြီး သိမ်မွေ့နက်ရှိူင်းသော ချစ်ခြင်းမေတ္တာတစ်ခုပါ။ကျွန်တော့်လို Broken family က ကြီးပြင်းသော လူတစ်ယောက်ဟာ ချစ်ခြင်းတွေနဲ့ပြီးပြည့်စုံသောအိမ်ထောင်ရေးတခုကို လိုချင်တာ မဆန်းပါဘူး။ ကိုယ်ချစ်တဲ့သူနဲ့ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ပဲ ဘဝကို ဖြတ်သန်းသွားချင်တယ်။ အထူးသဖြင့် LGBTQ တွေရဲ့ Relationship တွေမှာလဲ သာယာအေးချမ်း ပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေရှိတယ်ဆိုတာကို တချို့နားလည်မှူမရှိသေးတဲ့ လက်မခံနိုင်သေးတဲ့သူတွေကို သက်သေပြချင်တယ်။” ဆိုပြီး ပြောလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ လက်ရှိမှာ သူ့ကို အရမ်းချစ်ပြီး နားလည်မှုအပြည့်ပေးနိုင်တဲ့ချစ်သူနဲ့ လက်တွဲထားတာ (၃) နှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် သူလိုချင်တဲ့ချစ်ခြင်းတွေနဲ့ပြီးပြည့်စုံသောအိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Okkar Min Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!