” ျပန္ျမင္ရန္မလြယ္ကူတဲ့ သူငယ္တန္းေက်ာင္းသူဘဝကပံုရိပ္ေလးကို ျပန္လည္ေဝမွ်လိုက္တဲ့ ရတနာမိုင္ “

CeleConnections ပရိသတ္ႀကီးေရ ရခိုင္သူေလး ရတနာမိုင္ဟာ အဆိုေတာ္ မိုင္ရဲ႕ သမီးျဖစ္ၿပီး မိခင္ရဲ႕ ေသြးအျပည့္ ပါတယ္လို႔ဆိုရေလာက္ေအာင္ အဆိုပညာမွာ တကယ္ေတာ္တဲ့သူေလးပဲ ျဖစ္ပါတယ္..။ ထြက္ရွိထားတဲ့ သီခ်င္း Album တိုင္းလဲ ေအာင္ျမင္မႈရရွိထားသူလို႔ ဆိုရမွာပါ။

 

 

ခ်စ္စရာအလြန္ေကာင္းၿပီး လွပေျပျပစ္တဲ့ ေဘာ္ဒီေလးကိုပိုင္ဆိုင္ထားတဲ့ ရတနာမိုင္ဟာ ပုရိသ ေယာက်ာၤးေတြပါမက အမ်ိဳးသမီးပရိတ္သတ္ေတြပါ အားေပးမႈခိုင္ခိုင္မာမာရရွိထားသူျဖစ္ပါတယ္..။ ” The Mask Singer Myanmar ” ရဲ႕ စုံေထာက္ေလးဦးထဲက တစ္ဦးအျဖစ္ပါဝင္ခဲ့ပါေသးတယ္။

 

 

ယခု ျဖစ္ပြားလ်က္ရွိတဲ့ Covid 19 နဲ႔ပတ္သက္ၿပီးေဆာင္ရန္ေရွာင္ရန္ေတြကို ပရိသတ္ေတြသိရွိေအာင္တိုက္တြန္းႏႈိးေဆာ္ေနတဲ့ အႏုပညာရွင္ေတြထဲမွာ ရတနာမိုင္လည္းအပါအဝင္ပဲျဖစ္ပါတယ္။လတ္တေလာမွာေတာ့ ရတနာမိုင္ဟာ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန “ ေလသာ ၂မွာ ေက်ာင္းစတတ္တုန္းကသူငယ္တန္းေက်ာင္းသူကဒ္ေလးျပန္ရွာေတြ ့လို ့ ဓါတ္ပုံ႐ိုက္တင္လိုက္တယ္” ဆိုတဲ့ စာသားေလးနဲ႕အတူ ျမင္ရခဲလွတဲ့ ပံုအေဟာင္းေလးကို ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးေရာ မိုင္ေလး ရဲ႕ ပံုရိပ္ေဟာင္းေလးကိုၾကည့္ၿပီး သေဘာက်ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

Source : Yadanar My
Candy –CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” ပြန်မြင်ရန်မလွယ်ကူတဲ့ သူငယ်တန်းကျောင်းသူဘဝကပုံရိပ်လေးကို ပြန်လည်ဝေမျှလိုက်တဲ့ ရတနာမိုင် ”

CeleConnections ပရိသတ်ကြီးရေ ရခိုင်သူလေး ရတနာမိုင်ဟာ အဆိုတော် မိုင်ရဲ့ သမီးဖြစ်ပြီး မိခင်ရဲ့ သွေးအပြည့် ပါတယ်လို့ဆိုရလောက်အောင် အဆိုပညာမှာ တကယ်တော်တဲ့သူလေးပဲ ဖြစ်ပါတယ်..။ ထွက်ရှိထားတဲ့ သီချင်း Album တိုင်းလဲ အောင်မြင်မှုရရှိထားသူလို့ ဆိုရမှာပါ။

ချစ်စရာအလွန်ကောင်းပြီး လှပပြေပြစ်တဲ့ ဘော်ဒီလေးကိုပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ဟာ ပုရိသ ယောကျာၤးတွေပါမက အမျိုးသမီးပရိတ်သတ်တွေပါ အားပေးမှုခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်..။ ” The Mask Singer Myanmar ” ရဲ့ စုံထောက်လေးဦးထဲက တစ်ဦးအဖြစ်ပါဝင်ခဲ့ပါသေးတယ်။

ယခု ဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကို ပရိသတ်တွေသိရှိအောင်တိုက်တွန်းနှိုးဆော်နေတဲ့ အနုပညာရှင်တွေထဲမှာ ရတနာမိုင်လည်းအပါအဝင်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ရတနာမိုင်ဟာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “ လေသာ ၂မှာ ကျောင်းစတတ်တုန်းကသူငယ်တန်းကျောင်းသူကဒ်လေးပြန်ရှာတွေ့လို့ ဓါတ်ပုံရိုက်တင်လိုက်တယ်” ဆိုတဲ့ စာသားလေးနဲ့အတူ မြင်ရခဲလှတဲ့ ပုံအဟောင်းလေးကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော မိုင်လေး ရဲ့ ပုံရိပ်ဟောင်းလေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Yadanar My
Candy –CeleConnections

error: Alert: Content is protected !!