

 

 


 

 


 

 

Source : Chue Chue
ယူနီကုတ်ဖြင့်ဖတ်ရန်

” အနုပညာအလုပ်တွေ ပြန်လုပ်ချင်နေပါပြီ ဆိုတဲ့ ခြူးလေး ”

CeleConnections ပရိသတ်ကြီးရေခြူးလေးကတော့ မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာဖော်ရွေအေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲစေခဲ့တဲ့အပြင် အနုပညာရှင်တော်တော်များများက ခြူးလေးနဲ့တွေ့ရင် TikTok မဆော့တဲ့သူတောင် ဆော့ချင်အောင် သိမ်းသွင်းနိုင်တာကြောင့် TikTok မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးနေသူဖြစ်တဲ့အပြင် ချစ်စရာအမူအရာတွေသာမက သရုပ်ဆောင်ကောင်းတဲ့ အချက်တွေနဲ့ပရိသတ်တွေကို ဖမ်းစားထားတဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ဦးပါ။ ထာဝရမန္တလေး လူရည်ချွန် ” စတဲ့ MRTV – (4)ရုပ်သံဇာတ်လမ်းတွဲများကတဆင့်ပရိသတ်တွေသတိထားမိလာပြီး” နွေလယ်ညရဲ့ လမင်း “ဇာတ်လမ်းတွဲမှာလည်း ဗီလိန်ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံခဲ့ရပါသေးတယ်။

အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေရတဲ့မင်းသမီးတစ်လက်ပါ။ဒါ့အပြင် သီချင်းလေးတွေလည်းသီဆိုပြီး music mtv လည်းထွက်ရှိထားပြီပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ” အရမ်းတွေ အလုပ်တွေ ပြန်လုပ်ချင်နေပါပြီ လို့ ” ဆိုတဲ့စာလေးနဲ့ ဝေမျှခဲ့တာပါ။ CeleConnections ပရိသတ်တွေရော ခြူးလေးလိုအိမ်မှာနေရတာထက် အလုပ်တွေပြန်လုပ်ချင်နေပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Chue Chue
Candy –CeleConnections

 

error: Alert: Content is protected !!