ယူနီကုတ်ဖြင့်ဖတ်ရန်
” အကောင့်အတုတွေရဲ့ တိုက်ခိုက်ခြင်းခံနေရတာကြောင့် report ဝိုင်းထုပေးဖို့ အကူအညီတောင်းလိုက်တဲ့ သင်ဇာဝင့်ကျော် ”
CeleConnections ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ ခပ်မိုက်မိုက်စတိုင်နဲ့ ယောကျာ်းလေးပရိသတ်တွေကို ဆွဲဆောင်ထားနိူင်တဲ့ မင်းသမီးလေးတစ်လက်ပါ။အမိုက်စားပုံတွေ တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲ ဖြစ်အောင် ပုရိသတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားပြီး အချိန်တိုအတွင်း မှတ်ချက်များစွာရရှိတဲ့ သူတစ်ယောက်ပါ။
သင်ဇာဝင့်ကျော်ကတော့ လူမှု ကွန်ရက်စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူလို့ဆိုရမှာပါ။ သူမပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်။
ဒီနေ့မှာတော့ ” သင်ဇာဒီအကောင့်တခုနဲ့ Thin Zar Wint Kyaw ဆိုတဲ့ page ပဲသုံးတာပါ… ကျန်တာတွေအားလုံးကအကောင့်အတုတွေပါ… သူငယ်ချင်းတွေ fan တွေကိုလဲလိုက် add နေပါတယ် … အဲ့ဒါသင်ဇာမဟုတ်ပါဘူးနော် … အတုတွေကို report ဝိုင်းထုပေးပါ ” ဆိုတဲ့ စာလေးနဲ့ ပရိသတ်တွေကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း သင်ဇာ့ရဲ့ အကောင့်တုတွေကို ရှောင်နိုင်ဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။
Source : Thinzar Wint Kyaw
Candy -CeleConnections
error: Alert: Content is protected !!