

 


 

 


Source : May Myint Mo
ယူနီကုတ်ဖြင့်ဖတ်ရန်

” အိမ်မှာနေတာ ကြာလာတော့ သူမခံစားချက်လေးတွေကိုဖော်ပြလိုက်တဲ့ မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections မင်းသမီး မေမြင့်မိုရ်ဟာ MRTV-4ဇာတ်လမ်းတွဲများနဲ့ ပရိသတ်ရဲ့ အထူးနှစ်ခြိုက်အားပေးခြင်းခံရတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်..။ အာမခံပရိသတ်များကို ရရှိနေပြီဖြစ်တဲ့ မင်းသမီးလေး မေမြင့်မိုရ်ကတော့ ယခုအချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း လက်ခံရိုက်ကူးနေပြီလို့ သိရပါတယ်။

ဒါ့အပြင်မေမြင့်မိုရ်ကတော့ သရုပ်ဆောင်သစ်တွေထဲမှာ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ ဇာတ်လမ်းတွဲမင်းသမီးတစ်လက်လို့ ဆိုရမှာပါ။ သူမကို ပရိသတ်တွေက ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီကို မျှော်မှန်းထားကြတဲ့ ထိ သရုပ်ဆောင်ကောင်းခဲ့တယ်လို့ သိရပါတယ်။

ယခုချိန်မှာ ဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်နဲ့အသိပညာပေးလေးတွေကို ဖော်ပြပေးတဲ့ မင်းသမီးလေးဆိုလည်း မမှားပါဘူး ။အပြင်မထွက်ဘဲ အိမ်မှာနေကာ Covid 19ကိုကာကွယ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်” အိမ်မှာနေတာ ကြာလာသောအခါ” ဆိုတဲ့စာလေးနဲ့ သူမအိမ်မှာနေကာ အချိန်တွေကုန်ဆုံးတဲ့ပုံစံလေးကို TikTok ဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnection ပရိသတ်ကြီး ရော မေမြင့်မိုရ်လိုပဲ အိမ်မှာနေရတာပျင်းနေပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : May Myint Mo
Candy –CeleConnections

error: Alert: Content is protected !!