အိမ္ကမိဘေတြအတြက္ သက္စြန့္ဆံဖ်ား ရိကၡာသြားဝယ္တယ္ဆိုျပီး မိခင္ကိုစေနာက္ခဲ့တဲ့ ေဖြးေဖြးတို့ေမာင္နွမနွစ္ေယာက္

ေဖြးေဖြးကေတာ့ အသက္အရြယ္တစ္ခုကို ေရာက္ရိွေနျပီျဖစ္ေပမယ့္ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ မိသားစုေတြနဲ့အတူတူ ေနထိုင္ေနဆဲ ျဖစ္ပါတယ္။ ေဖြးေဖြးရဲ့ မိသားစုေလးကလည္း ပရိသတ္ေတြနဲ့ ရင္းနွီးျပီးသားျဖစ္ျပီး ေဖြးေဖြးနဲ့အတူတူ ေၾကာ္ျငာလည္း ရိုက္ဖူးတာမို့ အားလံုးသိျပီးသား ျဖစ္ပါတယ္။ မိသားစုဝင္ေတြထဲကမွ ေဖြးေဖြးရဲ့ တစ္ဦးတည္းေသာေမာင္ေလး ဧဒင္ဦးအေၾကာင္းကိုလည္း ပရိသတ္ေတြက စိတ္ဝင္စားၾကပါတယ္။

 

 

ဒီေန့မွာေတာ့ ေဖြးေဖြးနဲ့ ဧဒင္ဦးတို့ ေမာင္နွမနွစ္ေယာက္က အိမ္ကမိဘေတြအတြက္ မုန့္ေတြထြက္ဝယ္ရင္း “အိမ္က မိဘအိုမ်ားအတြက္ သက္စြန့္ ရိကၡာသြားရွာေသာ ခ်စ္စဖြယ္ ေမာင္နွမနွစ္ေယာက္” ဆိုျပီး မိခင္ေဒၚသိဂႌစံထြားကို လွမ္းျပီးစေနာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးရဲ့ စေနာက္မႈေၾကာင့္ ရယ္ရမလို၊ စိတ္ဆိုးရမလုိ ျဖစ္သြားမွာေတာ့ ေသခ်ာပါတယ္။

 

 

ေဖြးေဖြးကေတာ့ အနုပညာလုပ္ငန္းေတြ အားလပ္တုန္းေလး မိဘေတြနဲ့ ေမာင္ေလးကို အခ်ိန္ေပးရင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဖြးေဖြးတို့ ေမာင္နွမနွစ္ေယာက္ကို သက္စြန့္မႈၾကီးကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။

 

 

Source: Forever Phway’s Fans
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ကမိဘတွေအတွက် သက်စွန့်ဆံဖျား ရိက္ခာသွားဝယ်တယ်ဆိုပြီး မိခင်ကိုစနောက်ခဲ့တဲ့ ဖွေးဖွေးတို့မောင်နှမနှစ်ယောက်

ဖွေးဖွေးကတော့ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် မိသားစုတွေနဲ့အတူတူ နေထိုင်နေဆဲ ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ မိသားစုလေးကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး ဖွေးဖွေးနဲ့အတူတူ ကြော်ငြာလည်း ရိုက်ဖူးတာမို့ အားလုံးသိပြီးသား ဖြစ်ပါတယ်။ မိသားစုဝင်တွေထဲကမှ ဖွေးဖွေးရဲ့ တစ်ဦးတည်းသောမောင်လေး ဧဒင်ဦးအကြောင်းကိုလည်း ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်။

ဒီနေ့မှာတော့ ဖွေးဖွေးနဲ့ ဧဒင်ဦးတို့ မောင်နှမနှစ်ယောက်က အိမ်ကမိဘတွေအတွက် မုန့်တွေထွက်ဝယ်ရင်း “အိမ်က မိဘအိုများအတွက် သက်စွန့် ရိက္ခာသွားရှာသော ချစ်စဖွယ် မောင်နှမနှစ်ယောက်” ဆိုပြီး မိခင်ဒေါ်သိင်္ဂီစံထွားကို လှမ်းပြီးစနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ စနောက်မှုကြောင့် ရယ်ရမလို၊ စိတ်ဆိုးရမလို ဖြစ်သွားမှာတော့ သေချာပါတယ်။

ဖွေးဖွေးကတော့ အနုပညာလုပ်ငန်းတွေ အားလပ်တုန်းလေး မိဘတွေနဲ့ မောင်လေးကို အချိန်ပေးရင်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ မောင်နှမနှစ်ယောက်ကို သက်စွန့်မှုကြီးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Forever Phway’s Fans
Bilie – Cele Connections

error: Alert: Content is protected !!