အခက္အခဲနဲ႔ ႀကဳံဆုံေနရတဲ့ လူသားတိုင္းအတြက္ ရည္႐ြယ္ထားတဲ့ စိုင္းစိုင္းခမ္းလႈိင္၊ R ဇာနည္ စတဲ့ အနုပညာရွင္မ်ားရဲ့ “ကမာၻေျမသီခ်င္း”

လက္ရွိျဖစ္ပြားေနတဲ့ ကမာၻ႔ကပ္ေရာဂါနဲ႔ ပက္သတ္ၿပီး က်န္းမာေရးဝန္ထမ္းနဲ႔ နယ္ပယ္အသီးသီးက လုပ္အားေပးသူေတြက ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးေနသလို ျပည္သူေတြကလည္း ပူးေပါင္းေဆာင္႐ြက္ၿပီး ေရာဂါဆိုးႀကီးကို တိုက္ထုတ္ေနတာပဲ ျဖစ္ပါတယ္။ အႏုပညာရွင္မ်ားအေနနဲ႔လည္း သူတို႔တတ္ႏိုင္တဲ့အင္အားနဲ႔ က်န္းမာေရးအသိေပးမႈေတြ၊ စိတ္ဓာတ္ခြန္အားေပးမႈေတြကို ျပဳလုပ္ေပးေနလ်က္ရွိတာကို ေတြ႕ရပါတယ္။

 

 

ဒီတစ္ေခါက္မွာလည္း မ်ိဳးေက်ာ့ၿမိဳင္၊ အဲလက္စ္၊ ဟန္ထြန္း၊ Rဇာနည္၊ ၿဖိဳးႀကီး၊ စိုင္းစိုင္းခမ္းလႈိင္၊ ကိုေအာင္၊ သအို၊ ဘန္နီၿဖိဳး၊ ေနဝင္း၊ ၿဖိဳးေလး၊ G Fatt၊ ၿဖိဳးျပည့္စုံ၊ ေအာင္ထက္၊ ေမာင္ေမာင္ျပည့္စုံ၊ ပန္းေရာင္ျခယ္၊ Mary၊ Jewel၊ Gabriel Phway နဲ႔ အမရာဘုဏ္း တို႔ သီဆိုထားတဲ့ “ကမာၻေျမသီခ်င္း” အသစ္ေလး ထြက္ရွိလို႔ လာပါတယ္။

 

 

“သီခ်င္းေလးက အခက္အခဲနဲ႔ ႀကဳံဆုံေနရတဲ့ လူသားတိုင္းအတြက္ ရည္႐ြယ္ပါတယ္။ သီခ်င္းထဲမွာ ပါဝင္တဲ့သူေတြ အကုန္လုံးက ခ်စ္ျခင္းေမတၱာနဲ႔ပါဝင္ထားၾကတာပါ” ဆိုျပီး စိုင္းစိုင္းခမ္းလိႈင္က ေျပာထားပါတယ္။ ပရိသတ္ေတြအတြက္ “ကမာၻေျမသီခ်င္း” အသစ္ေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

 

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အခက်အခဲနဲ့ ကြုံဆုံနေရတဲ့ လူသားတိုင်းအတွက် ရည်ရွယ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည် စတဲ့ အနုပညာရှင်များရဲ့ “ကမ္ဘာမြေသီချင်း”

လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါနဲ့ ပက်သတ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ နယ်ပယ်အသီးသီးက လုပ်အားပေးသူတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသလို ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်ပြီး ရောဂါဆိုးကြီးကို တိုက်ထုတ်နေတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်များအနေနဲ့လည်း သူတို့တတ်နိုင်တဲ့အင်အားနဲ့ ကျန်းမာရေးအသိပေးမှုတွေ၊ စိတ်ဓာတ်ခွန်အားပေးမှုတွေကို ပြုလုပ်ပေးနေလျက်ရှိတာကို တွေ့ရပါတယ်။

ဒီတစ်ခေါက်မှာလည်း မျိုးကျော့မြိုင်၊ အဲလက်စ်၊ ဟန်ထွန်း၊ Rဇာနည်၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ ကိုအောင်၊ သအို၊ ဘန်နီဖြိုး၊ နေဝင်း၊ ဖြိုးလေး၊ G Fatt၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ မောင်မောင်ပြည့်စုံ၊ ပန်းရောင်ခြယ်၊ Mary၊ Jewel၊ Gabriel Phway နဲ့ အမရာဘုဏ်း တို့ သီဆိုထားတဲ့ “ကမ္ဘာမြေသီချင်း” အသစ်လေး ထွက်ရှိလို့ လာပါတယ်။

“သီချင်းလေးက အခက်အခဲနဲ့ ကြုံဆုံနေရတဲ့ လူသားတိုင်းအတွက် ရည်ရွယ်ပါတယ်။ သီချင်းထဲမှာ ပါဝင်တဲ့သူတွေ အကုန်လုံးက ချစ်ခြင်းမေတ္တာနဲ့ပါဝင်ထားကြတာပါ” ဆိုပြီး စိုင်းစိုင်းခမ်းလှိုင်က ပြောထားပါတယ်။ ပရိသတ်တွေအတွက် “ကမ္ဘာမြေသီချင်း” အသစ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!