သူမေၾကာင့္ Lock Down ခ်ခံထားရတဲ့ အလံုျမိဳ့နယ္က ျပည္သူေတြကို အနူးအညြတ္ေတာင္းပန္ပတယ္ဆိုတဲ့ သီရိရွင္းသန့္

သရုပ္ေဆာင္နဲ့ ေမာ္ဒယ္ သီရိရွင္းသန့္ကေတာ့ ဘာသာေရးပြဲအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့တာေၾကာင့္ Covid – 19 သံသယရိွလူနာအျဖစ္ လူမႈကြန္ယက္မွာ ပ်ံ့နွံ့ခဲ့တာပဲ ျဖစ္ပါတယ္။ သီရိရွင္းသန့္ရဲ့ ေဆးစစ္ခ်က္အေျဖက Negative ျဖစ္ေပမယ့္ Quaratine ဝင္ေနရတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ သီရိရွင္းသန့္က သူမေနထိုင္ရာ အလံုျမိဳ့နယ္က ျပည္သူေတြကို အခုလိုပဲ ေတာင္းပန္စကားေလး ေျပာထားပါတယ္။

 

 

“သီရိေၾကာင့္ lock down အခ်ခံထားရတဲ့ ႏွင္းဆီကုန္းလမ္း အလုံၿမိဳ႕နယ္ မွာရွိတဲ့ Golden Rose Condo မွာ ေနထိုင္ၾကေသာ မိသားစုဝင္မ်ားအားလုံးကို ဒီေနရာကေနၿပီးတာ့ အႏူးၫႊတ္ေတာင္းပန္ပါတယ္ေနာ္။ သီရိေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္ခဲ့ရတာေတြ အဆင္မေျပျဖစ္ခဲ့ရတာေတြ စိတ္မလုံမၿခဳံ ျဖစ္ခဲ့ရတာတြက္ ဒီ Facebook စာမ်က္ႏွာမွ တဆင့္ တစ္ဦးတစ္ေယာက္ခ်င္းဆီကို ေတာင္းပန္ခ်င္ပါတယ္။ Negative ျဖစ္တဲ့အတြက္ သက္ဆိုင္ရာမွ တာဝန္ရွိသူမ်ားလဲ Condo lock down ကိစၥကို အျမန္ဆုံးတာဝန္ယူေျဖရွင္းေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္ရွင့္။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္နစ္နာလိုျခင္းမရွိပါ။ ခုခ်ိန္မွာ ၂၁ ရက္ Quaratine ဝင္ေနတာ ျဖစ္တဲ့တြက္ ဘယ္ media နဲ႔မွ အင္တာဗ်ဴး ေျဖဖို႔ အဆင္မေျပျဖစ္တဲ့တြက္လဲ ေတာင္းပန္ပါတယ္ရွင့္။”

 

 

“သီရိရဲ႕ မိသားစုဝင္ေတြကိုလဲ စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့ စာေတြပို႔ျခင္း ၊ ဖုန္းဆက္ေမးျမန္းျခင္း မည္သူတစ္ဦးတစ္ေယာက္မွ မျပဳလုပ္ေပးဖို႔ရန္ ေမတၱာရပ္ခံခ်င္ပါတယ္ရွင့္။ ခ်စ္ခင္စြာျဖင့္ ေမးျမန္းၾကေသာ ဂ႐ုစိုက္ေပးၾကေသာ Quaratine centre မွာ လိုအပ္တာေတြ အားလုံးျဖည့္ဆည္းေပးၾကေသာ သီရိ ခ်စ္တဲ့ ပရိသတ္မ်ား ညီအကိုေမာင္ႏွမမ်ား သူငယ္ခ်င္းမိတ္ေဆြမ်ား ခ်စ္ခင္ၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းဆီကိုလဲ ေက်းဇူးအထူးတင္ရွိပါတယ္ရွင့္။ ခုလိုခ်ိန္မွာ ဘယ္သူက မိတ္ေဆြစစ္ မိတ္ေဆြမွန္လဲ ဆိုတာ သိခြင့္ရလို႔လဲ အားလုံး ေက်းဇူးတင္ပါတယ္။ စိတ္ပူေအာင္လုပ္ခဲ့မိလို႔ အေဖနဲ႔ အေမ ညီမေလး ၂ ေယာက္နဲ႔ ေမာင္ေလး ကိုလဲ ေတာင္းပန္ပါတယ္ ။ ေက်းဇူးတင္ထိုက္တဲ့သူေတြ အားလုံးကို ေက်းဇူးတင္သလို ေတာင္းပန္သင့္တဲ့သူ အားလုံးကိုလဲ ဒီေနရာကေန ေတာင္းပန္ပါတယ္ရွင့္။”

 

 

“ဘာသာေရးနဲ႔ပတ္သတ္ၿပီး ဘာမွ မမန္႔ၾကဖို႔နဲ႔ သတင္းလုပ္ၿပီး မေရးၾကဖို႔ အခ်င္းခ်င္း ထိခိုက္နစ္နာေစမယ့္ စကားေတြ မေျပာၾကပဲ ေမတၱာျဖင့္သာ တစ္ဦးကို တစ္ဦး ေဖးမ ကူညီၾကဖို႔ အားလုံးကို ေမတၱာရပ္ခံခ်င္ပါတယ္ရွင့္။ သီရိက အႏုပညာရွင္မို႔ မဟုတ္မမွန္သတင္းေတြ ဘာေတြပဲ ေျပာပါေစအေျပာအဆို ခံႏိုင္ေပမယ့္ သီရိရဲ႕ မိသားစုနဲ႔ ေမာင္ႏွမ ေတြကို ကိုယ္ခ်င္းစာတရားေလး ထားေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္ေနာ္။ အားလုံးကိုေက်းဇူးတင္ပါတယ္။ သီရိကို ခ်စ္တဲ့သူေတြေရာ မခ်စ္တဲ့သူေတြေရာ အားလုံးကို သီရိကခ်စ္ပါတယ္လို႔ ေျပာခ်င္ပါတယ္။” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာထားပါတယ္။

 

 

Source: Thiri Shinn Thant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူမကြောင့် Lock Down ချခံထားရတဲ့ အလုံမြို့နယ်က ပြည်သူတွေကို အနူးအညွတ်တောင်းပန်ပတယ်ဆိုတဲ့ သီရိရှင်းသန့်

သရုပ်ဆောင်နဲ့ မော်ဒယ် သီရိရှင်းသန့်ကတော့ ဘာသာရေးပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာကြောင့် Covid – 19 သံသယရှိလူနာအဖြစ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။ သီရိရှင်းသန့်ရဲ့ ဆေးစစ်ချက်အဖြေက Negative ဖြစ်ပေမယ့် Quaratine ဝင်နေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သီရိရှင်းသန့်က သူမနေထိုင်ရာ အလုံမြို့နယ်က ပြည်သူတွေကို အခုလိုပဲ တောင်းပန်စကားလေး ပြောထားပါတယ်။

“သီရိကြောင့် lock down အချခံထားရတဲ့ နှင်းဆီကုန်းလမ်း အလုံမြို့နယ် မှာရှိတဲ့ Golden Rose Condo မှာ နေထိုင်ကြသော မိသားစုဝင်များအားလုံးကို ဒီနေရာကနေပြီးတာ့ အနူးညွှတ်တောင်းပန်ပါတယ်နော်။ သီရိကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတာတွေ အဆင်မပြေဖြစ်ခဲ့ရတာတွေ စိတ်မလုံမခြုံ ဖြစ်ခဲ့ရတာတွက် ဒီ Facebook စာမျက်နှာမှ တဆင့် တစ်ဦးတစ်ယောက်ချင်းဆီကို တောင်းပန်ချင်ပါတယ်။ Negative ဖြစ်တဲ့အတွက် သက်ဆိုင်ရာမှ တာဝန်ရှိသူများလဲ Condo lock down ကိစ္စကို အမြန်ဆုံးတာဝန်ယူဖြေရှင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုခြင်းမရှိပါ။ ခုချိန်မှာ ၂၁ ရက် Quaratine ဝင်နေတာ ဖြစ်တဲ့တွက် ဘယ် media နဲ့မှ အင်တာဗျူး ဖြေဖို့ အဆင်မပြေဖြစ်တဲ့တွက်လဲ တောင်းပန်ပါတယ်ရှင့်။”

“သီရိရဲ့ မိသားစုဝင်တွေကိုလဲ စိတ်အနှောက်အယှက် ဖြစ်စေတဲ့ စာတွေပို့ခြင်း ၊ ဖုန်းဆက်မေးမြန်းခြင်း မည်သူတစ်ဦးတစ်ယောက်မှ မပြုလုပ်ပေးဖို့ရန် မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ ချစ်ခင်စွာဖြင့် မေးမြန်းကြသော ဂရုစိုက်ပေးကြသော Quaratine centre မှာ လိုအပ်တာတွေ အားလုံးဖြည့်ဆည်းပေးကြသော သီရိ ချစ်တဲ့ ပရိသတ်များ ညီအကိုမောင်နှမများ သူငယ်ချင်းမိတ်ဆွေများ ချစ်ခင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ ခုလိုချိန်မှာ ဘယ်သူက မိတ်ဆွေစစ် မိတ်ဆွေမှန်လဲ ဆိုတာ သိခွင့်ရလို့လဲ အားလုံး ကျေးဇူးတင်ပါတယ်။ စိတ်ပူအောင်လုပ်ခဲ့မိလို့ အဖေနဲ့ အမေ ညီမလေး ၂ ယောက်နဲ့ မောင်လေး ကိုလဲ တောင်းပန်ပါတယ် ။ ကျေးဇူးတင်ထိုက်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်သလို တောင်းပန်သင့်တဲ့သူ အားလုံးကိုလဲ ဒီနေရာကနေ တောင်းပန်ပါတယ်ရှင့်။”

“ဘာသာရေးနဲ့ပတ်သတ်ပြီး ဘာမှ မမန့်ကြဖို့နဲ့ သတင်းလုပ်ပြီး မရေးကြဖို့ အချင်းချင်း ထိခိုက်နစ်နာစေမယ့် စကားတွေ မပြောကြပဲ မေတ္တာဖြင့်သာ တစ်ဦးကို တစ်ဦး ဖေးမ ကူညီကြဖို့ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ သီရိက အနုပညာရှင်မို့ မဟုတ်မမှန်သတင်းတွေ ဘာတွေပဲ ပြောပါစေအပြောအဆို ခံနိုင်ပေမယ့် သီရိရဲ့ မိသားစုနဲ့ မောင်နှမ တွေကို ကိုယ်ချင်းစာတရားလေး ထားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ သီရိကို ချစ်တဲ့သူတွေရော မချစ်တဲ့သူတွေရော အားလုံးကို သီရိကချစ်ပါတယ်လို့ ပြောချင်ပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောထားပါတယ်။

Source: Thiri Shinn Thant’s fb
Bilie – Cele Connections

error: Alert: Content is protected !!