

 

 


 

 


 

 

Source: Chit Thu Wai ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သမီးလေးတွေရှိပေမယ့်လည်း အလှူရှင်တွေရဲ့ အလှူငွေတွေ ထိထိရောက်ရောက်လှူဒါန်းနိုင်ဖို့ ကိုယ်တိုင်စီစဉ်နေရတယ်ဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ် အနုပညာရှင်တစ်ယောက်လည်းဖြစ်သလို လူမှုအကျိုးပြုဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးတွေအတွက်လည်း လိုလေသေးမရှိ ဂရုစိုက်ရသလို ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အလှူကိစ္စအဝဝကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ သမီးလေးတွေတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့ ချစ်သုဝေက သူမကို စိတ်ပူနေကြသူတွေ အားလုံးအတွက် အခုလိုပဲ ပြောလာပါတယ်။

“အတတ်နိုင်ဆုံးriskမရှိအောင် ကြိုးစားပြီး စီစဉ်နေပါတယ်နော်။ သမီးလေးတွေရှိတော့ အပြင်ထွက်ရင်စိတ်ပူကြတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးပါ။ ဆေးပစ္စည်းတွေ ဆက်စပ်ပစ္စည်းတွေ လိုတာတွေမေး၊ ဝယ်ပို့ အားလုံးကို team workနဲ့လုပ်ကြရတာမို့ ကိုယ်တိုင်က စီစဉ်ရပါတယ်။ ခေတ်သစ် ဖောင်ဒေးရှင်းအနေနဲ့ COVIDအတွက် မတည်ငွေအပါအဝင် အလှူရှင်များအားလုံးရဲ့အလှူငွေတွေအားလုံးကို အလိုအပ်ဆုံးအရာတွေဝယ်ပြီး အလိုအပ်ဆုံးနေရာတွေဆီအရောက်ပို့နိုင်ဖို့ အမြဲလှုပ်ရှားစီစဉ်နေပါတယ်။ ဒီနေ့တော့ အင်းစိန် , YGH covid ward, NOGHမှတဆင့်နယ်ဆေးရုံများ, ရေဦး လှူဖို့အားလုံးပြီးစီး” ဆိုပြီး ပြောထားပါတယ်။

ချစ်သုဝေကတော့ တကယ့်ကို ထက်ထက်မြက်မြက်ရှိပြီး ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ရှင်လေးပါပဲ။ ချစ်သုဝေတစ်ယောက် ဒီထက်မက လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!