“သနပ္ခါးအျပည့္လိမ္းကာ ေခြးေလးနဲ႕အတူ ေဆာ့ရင္း ေပ်ာ္ျမဴးေနတဲ့ ျမင့္ျမတ္ရဲ႕သားေလး ျမတ္သူ”

နာမည္ႀကီး မင္းသားတစ္လက္ျဖစ္တဲ့ မင္းသားျမင့္ျမတ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္သရုပ္ေဆာင္နုိင္ၿပီး ပကာသနမရွိ ေနထိုင္တတ္တဲ့ ျမင့္ျမတ္ရဲ႕ အျပဳအမူေလးေတြဟာ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိေစတဲ့ အခ်က္ေတြထဲက အပါအဝင္ျဖစ္မယ္ ထင္ပါတယ္..။ ျမင့္ျမတ္က ေခ်ာေမာလွပတဲ့ ဇနီးရယ္.ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႕အတူ ေပ်ာ္ရႊင္ေအးခ်မ္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူ ပဲျဖစ္ပါတယ္..။

 

 

 

ျမင့္ျမတ္ရဲ႕ သားေလး ျမတ္သူဟာလည္း ခ်စ္ဖို႕ေကာင္းလြန္းလို႕ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလး တစ္ေယာက္ျဖစ္လို႕ ေနပါၿပီ..။ အသားျဖဴျဖဴေလးနဲ႕ ဖခင္ျဖစ္သူ ျမင့္ျမတ္နဲ႕တူလြန္းလို႕ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ငယ္ငယ္ေလးနဲ႕ သိမ္းပိုက္ရရွိထားသူပါ..။ သနပ္ခါးေလးနဲ႕ ခ်စ္ဖုိ႕ေကာင္းလြန္းတဲ့ ျမတ္သူရဲ႕ ပံုေလးေတြကို ဒီေန႕ ဧၿပီလ (၂၀)ရက္ေန႕မွာ ျမင့္ျမတ္ရဲ႕ မန္ေနဂ်ာရဲ႕ အေကာင့္ကေန “Now. 1234…Myat Thu” ဆုိၿပီး လူမႈကြန္ရက္စာမ်က္နွာေပၚမွာ မွ်ေဝလာခဲ့ပါတယ္..။

 

 

 

သနပ္ခါးအျပည့္နဲ႕ အိမ္မွာေမြးထားတဲ့ ေခြးေလးနဲ႕ အတူ ေဆာ့ကာ ေပ်ာ္ျမဴးေနတဲ့ ျမတ္သူေလးကေတာ့ တစ္ေန႕တစ္ျခား အေဖတူသားေလးျဖစ္လို႕ ေနပါၿပီေနာ္ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ခ်စ္ဖို႕ေကာင္းလြန္းတဲ့ ျမတ္သူေလးရဲ႕ ပံုရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source:Myat Wai Tun’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သနပ်ခါးအပြည့်လိမ်းကာ ခွေးလေးနဲ့အတူ ဆော့ရင်း ပျော်မြူးနေတဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူ”

နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ မင်းသားမြင့်မြတ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ပကာသနမရှိ နေထိုင်တတ်တဲ့ မြင့်မြတ်ရဲ့ အပြုအမူလေးတွေဟာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိစေတဲ့ အချက်တွေထဲက အပါအဝင်ဖြစ်မယ် ထင်ပါတယ်..။ မြင့်မြတ်က ချောမောလှပတဲ့ ဇနီးရယ်.ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်..။

မြင့်မြတ်ရဲ့ သားလေး မြတ်သူဟာလည်း ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ဖြစ်လို့ နေပါပြီ..။ အသားဖြူဖြူလေးနဲ့ ဖခင်ဖြစ်သူ မြင့်မြတ်နဲ့တူလွန်းလို့ ပရိသတ်တွေရဲ့ အချစ်တွေကို ငယ်ငယ်လေးနဲ့ သိမ်းပိုက်ရရှိထားသူပါ..။ သနပ်ခါးလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မြတ်သူရဲ့ ပုံလေးတွေကို ဒီနေ့ ဧပြီလ (၂၀)ရက်နေ့မှာ မြင့်မြတ်ရဲ့ မန်နေဂျာရဲ့ အကောင့်ကနေ “Now. 1234…Myat Thu” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့ပါတယ်..။

သနပ်ခါးအပြည့်နဲ့ အိမ်မှာမွေးထားတဲ့ ခွေးလေးနဲ့ အတူ ဆော့ကာ ပျော်မြူးနေတဲ့ မြတ်သူလေးကတော့ တစ်နေ့တစ်ခြား အဖေတူသားလေးဖြစ်လို့ နေပါပြီနော်ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်ဖို့ကောင်းလွန်းတဲ့ မြတ်သူလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။
Source:Myat Wai Tun’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!