



Source : Ei Chaw Po
ယူနီကုတ်ဖြင့်ဖတ်ရန်

” လှည့်ပတ်နိုင်လွန်းတဲ့ တစ်စုံတစ်ယောက်ကို သတိပေးစကားပြောလိုက်တဲ့ အိချောပိုရဲ့ ဗီဒီယိုဖိုင်”

CeleCoonnections ပရိသတ်ကြီးရေ အိချောပိုကတော့ ခပ်မိုက်မိုက်ဘော်ဒီကောက်ကြောင်းအလှတွေနဲ့ ပုရိသပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီးတစ်ဦးပါ။ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ကြတဲ့အပြင် ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူတစ်ဦးလို့ဆိုရမှာပါ။

ချစ်တဲ့ပရိသတ်တွေက စူစူလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီး စူစူကတော့အဆိုပိုင်းမှာလည်း ထူးချွန်သူလေးလို့ ဆိုရမှာပါ။အဘက်ဘက်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့ စူစူကတော့ သူ့ရဲ့ပွဲတက်စတိုင်တွေကလည်း ပရိသတ်တွေ အတွက် ဆွဲဆောင်မှုရှိလွန်းတဲ့အပြင် ပွင့်လင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်သူခင်သူတွေပေါများနေတာပဲ ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ အလှူအတန်းတွေလည်းမကြာခဏပြုလုပ်တတ်တဲ့သူလေးပဲ ဖြစ်ပါတယ်။

ယခုဖြစ်ပွားနေတဲ့Covid 19နဲ့ပတ်သက်ပြီး ပရိသတ်တွေကိုလည်း ဆောင်ရန်ရှောင်ရန်တွေကိုဝေမျှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထပ်မံအချစ်ပိုရတဲ့ အချက်လေးကတော့ ပွင့်လင်းပြီး ပျော်ပျော်နေတတ်ကာ ချစ်စရာကောင်းတဲ့ TikTok လေးတွေဆော့ကစား တတ်တာကြောင့် အချစ်ပိုနေကြတယ်လို့ ဆိုရမှာပါ။လက်ရှိမှာလည်း “တော်ပါကိုလူလည် လှည့်ပတ်နိုင်လွန်းတယ် ” ဆိုတဲ့ စာလေးနဲ့ TikTokလေးကိ ချစ်စရာကောင်းအောင်ဆော့ကစားထားတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ စူစူရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးမှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Ei Chaw Po
Candy -CeleConnections

error: Alert: Content is protected !!