

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ရုံးမှာ အလုပ်လုပ်နေရဆဲ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ရုံးတွေက တာဝန်ယူ လုပ်ဆောင်ပေးသင့်တယ်ဆိုတဲ့ စမိုင်းလ်”

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ချစ်ရတဲ့ သူမရဲ့ ပရိသတ်တွေနဲ့ အတူ ကုသိုလ်ရေးမှာလည်း ပူးပေါင်းကာ လုပ်ဆောင်တတ်သူပါ..။ ဘာသာရေးမှာလည်း မလစ်ဟင်းသလို လူမှုရေး ပရဟိတအလုပ်တွေအတွက်ကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးတဲ့သူပဲဖြစ်ပါတယ်..။

စမိုင်းလ်တို့ လင်မယားကတော့ သူတို့ရဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဗိုင်းရပ်စ်စပျံ့နှံ့နေတဲ့ အချိန်မှာတည်းက အိမ်ကနေပဲ အလုပ်လုပ်ခိုင်းပြီး Stay Home လုပ်ခိုင်းခဲ့တာပါ..။ လက်ရှိ သင်္ကြန်ပိတ်ရက်ပြီး သွားခဲ့ပေမယ့်လည်း ဝန်ထမ်းတွေကို အိမ်မှာပဲ နေခိုင်းပြီး ဆက်လက်ပိတ်ထားဆဲ ဖြစ်တဲ့ အကြောင်းလေးကို “မနက်ရုံးတက်ရမယ့် သူတွေရှိလား?.. ကျွန်မတို့တော့ ဒီလကုန်အထိ ရုံးအားလုံး ပိတ်ပေးထားတယ်။ တကယ်ရုံးတွေ ပြန်ဖွင့်ပြီဆို ဘယ်လိုလုပ်ကြမလဲ.။ အနည်းဆုံးတော့ လူနည်းနည်းနဲ့ပဲပြန်စ ရုံးက ဝန်ထမ်းတိုင်းကို mask တွေ handgel တွေတော့ ရုံးတွေက ပေးသင့်တယ် ထင်တယ်။

အားလုံးအဆင်ပြေကြပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ သူမတို့ ရုံးဝန်ထမ်းတွေကို ပိတ်ထားပေမယ့် မပိတ်တဲ့ ကုမ္ပဏီတွေအတွက်ကိုလည်း ဝန်ထမ်းတွေအတွက် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲမှာ စမိုင်းလ်ရဲ့ အမြင်လေးနဲ့ ထပ်တူကျတဲ့ သူတွေရှိရင်လည်း အမြင်လေးတွေကို   မှတ်ချက်လေးတွေအဖြစ် ရေးပေးခဲ့ကြပါဦးနော်…။
Source: စမိုင်းလ် Smile’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!