

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“နှင်းဆီလှေ” အငြိမ့်တိုက်စဉ်က နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေးနဲ့ ထွန်းထွန်းတို့ရဲ့ ကင်မရာနောက်ကွယ်က လှုပ်ရှားမှုများ

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးစီးပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းရဲ့ ရဲလေး၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ မေကဗျာ၊ ဖူးစုံ တို့ ပါဝင်တဲ့ “နှင်းဆီ” အငြိမ့်သဘင်ကြီးက နှစ်စဉ်နှစ်တိုင်းလိုလို မြန်မာနိုင်ငံအတွင်း အခက်အခဲဖြစ်နေတဲ့ နေရာဒေသတွေကို လှူဒါန်းနိုင်ဖို့အတွက် ရန်ပုံငွေပွဲကြီး ကျင်းပလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း “နှင်းဆီ” အငြိမ့်သဘင်ကြီးကို နှစ်စဉ်နှစ်တိုင်း ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် အောက်တိုဘာလအတွင်းမှာတော့ မြန်မာနိုင်ငံက ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ဖို့အတွက် “နှင်းဆီလှေ” ရန်ပုံငွေ အငြိမ့်သဘင်ကြီးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Cele Connections ပရိသတ်ကြီးအတွက် “နှင်းဆီလှေ” အငြိမ့်တိုက်စဉ်က နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေးနဲ့ ထွန်းထွန်းတို့ရဲ့ ကင်မရာနောက်ကွယ်က လှုပ်ရှားမှုများကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။

“နှင်းဆီလှေ” ရန်ပုံငွေ အငြိမ့်သဘင်ကြီးက ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပြီး အလှူငွေ သိန်း (၅၀၀) ကျော်ကို ရေဘေးသင့်ဒေသများသို့ လှူဒါန်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ချစ်တဲ့ မင်းသားချောတွေရဲ့ ကင်မရာနောက်ကွယ်က လှုပ်ရှားမှုပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Pyae Zaw Phyo’s fb
Bilie – Cele Connections

error: Alert: Content is protected !!