“ဒီကပ္ဆိုးႀကီးျပီးရင္ အေခ်ာေလးအျဖစ္နဲ႔ ပရိသတ္ေတြ ျမင္ေတြ႕ရမယ္ဆိုတဲ့ေဆာင္းဝတ္ရည္ေမ”

MRTV-4ရဲ႕ ႐ုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ “ခ်စ္ျခင္းတရားတို႔ရွိရာေနရာ”ဇာတ္ကားထဲတြင္သက္သက္ေဇာ္အျဖစ္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးေခ်ာေလး ေဆာင္းဝတ္ရည္ေမနဲ႔ ပရိသတ္ေတြရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ ေဆာင္းဝတ္ရည္ေမကေတာ့ ဇာတ္ကားတိုင္းလိုလို ကာ႐ိုက္တာပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးေခ်ာေလးတစ္လက္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူမဟာဆိုရင္ ခ်စ္ဖို႔ေကာင္းတဲ့အၿပဳံးခ်ိဳခ်ိဳနဲ႔ ေပါ့ေပါ့ပါးပါးေနတဲ့လြန္းတဲ့ စတိုင္ေၾကာင့္ ပုရိသပရိသတ္ေတြရဲ႕ အားေပးမႈကိုအမ်ားဆုံးရရွိထားသူတစ္ဦးပဲျဖစ္ပါတယ္။

 

ကို႐ိုနာေရာဂါေတြျဖစ္ပြားမႈျပန႔္ႏွံလာတာေၾကာင့္ အိမ္ထဲမွာေနရင္းနဲ႔ သူမပရိသတ္ေတြအတြက္ အမွတ္တရပုံရိပ္ေလးေတြနဲ႔ Tik tokဗီဒီယိုေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ေဆာင္းဝတ္ရည္ေမကေတာ့”အိမ္ထဲမွာေနေနတာ ဘယ္ႏွစ္ရက္ရွိၾကၿပီလဲ၊ဘာေတြလုပ္ေနၾကလည္း တုတုေလးေတာ့ အိမ္ထဲမွာေနေနတာ (၂၇)ရက္တိတိရွိပါၿပီေနာ္။၁လျပည့္ေတာ့မယ္။ေနမထိေလမထိ အိမ္ထဲပဲျပန္ေနရေတာ့Skinေတြလည္းအရင္ကထက္ ပိုျဖဴလာၿပီးအသားရည္ေတြလည္ း ေသခ်ာျပန္ထိမ္းသိမ္းျဖစ္ေတာ့ ျပန္ေကာင္းလာပါတယ္။ဝိတ္တက္လာမွာဆိုးလို႔ ေလ့က်င့္ခန္းေလးေတြေတာ့လုပ္ျဖစ္ၿပီးအစားအေသာက္ကိုပဲ ေလွ်ာ့စားျဖစ္တယ္။ဓါတ္ပုံေလးေတြတစ္ခါတစ္ေလ႐ိုက္ျဖစ္တယ္ ( ေအာက္ကပုံေလးေတြၾကည့္ )႐ုပ္ရွင္ေတြၾကည့္တယ္။ သ႐ုပ္ေဆာင္တာေတြေလ့လာတယ္။ အားတဲ့အခ်ိန္ အဂၤလိပ္စာေတြျပန္ေလ့လာျဖစ္တယ္ မုန႔္ေတြလည္းအပ်င္းေျပလုပ္စားတယ္။အလုပ္ေတြလည္း ျပန္ဖြင့္ၿပီဆိုေတာ့ လုပ္ငန္းခြင္ဝင္ၾကမယ့္သူေတြအကုန္လုံး က်န္းမာေရးသတိရွိစြာနဲ႔ ဂ႐ု႕စိုက္သြားလာၾကဖို႔လည္း သတိေပးခ်င္ပါတယ္။

 

ဒီကပ္ႀကီးၿပီးရင္ေတာ့ ဝက္ႀကီးအျဖစ္နဲ႔ မဟုတ္ပဲအေခ်ာႀကီးအျဖစ္နဲ႔ပဲ အားလုံးကို ျပန္ေတြ႕ခ်င္ပါတယ္လို႕ ေျပာကာ ပရိသတ္ေတြကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္ႀကီးကလည္း အိမ္မွာေနရင္းဘာေတြလုပ္ျဖစ္လဲဆိုတာ ေရးခဲ့ၾကဦးေနာ္။

Soure…. Hsaung WittYee May’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ဒီကပ်ဆိုးကြီးပြီးရင် အချောလေးအဖြစ်နဲ့ ပရိသတ်တွေ မြင်တွေ့ရမယ်ဆိုတဲ့ဆောင်းဝတ်ရည်မေ”

 

 

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိရာနေရာ”ဇာတ်ကားထဲတွင်သက်သက်ဇော်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေနဲ့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဆောင်းဝတ်ရည်မေကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ချစ်ဖို့ကောင်းတဲ့အပြုံးချိုချိုနဲ့ ပေါ့ပေါ့ပါးပါးနေတဲ့လွန်းတဲ့ စတိုင်ကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကိုအများဆုံးရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေဖြစ်ပွားမှုပြန့်နှံလာတာကြောင့် အိမ်ထဲမှာနေရင်းနဲ့ သူမပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ Tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဆောင်းဝတ်ရည်မေကတော့”အိမ်ထဲမှာနေနေတာ ဘယ်နှစ်ရက်ရှိကြပြီလဲ၊ဘာတွေလုပ်နေကြလည်း တုတုလေးတော့ အိမ်ထဲမှာနေနေတာ (၂၇)ရက်တိတိရှိပါပြီနော်။၁လပြည့်တော့မယ်။နေမထိလေမထိ အိမ်ထဲပဲပြန်နေရတော့Skinတွေလည်းအရင်ကထက် ပိုဖြူလာပြီးအသားရည်တွေလည် း သေချာပြန်ထိမ်းသိမ်းဖြစ်တော့ ပြန်ကောင်းလာပါတယ်။ဝိတ်တက်လာမှာဆိုးလို့ လေ့ကျင့်ခန်းလေးတွေတော့လုပ်ဖြစ်ပြီးအစားအသောက်ကိုပဲ လျှော့စားဖြစ်တယ်။ဓါတ်ပုံလေးတွေတစ်ခါတစ်လေရိုက်ဖြစ်တယ် ( အောက်ကပုံလေးတွေကြည့် )ရုပ်ရှင်တွေကြည့်တယ်။ သရုပ်ဆောင်တာတွေလေ့လာတယ်။ အားတဲ့အချိန် အင်္ဂလိပ်စာတွေပြန်လေ့လာဖြစ်တယ် မုန့်တွေလည်းအပျင်းပြေလုပ်စားတယ်။အလုပ်တွေလည်း ပြန်ဖွင့်ပြီဆိုတော့ လုပ်ငန်းခွင်ဝင်ကြမယ့်သူတွေအကုန်လုံး ကျန်းမာရေးသတိရှိစွာနဲ့ ဂရု့စိုက်သွားလာကြဖို့လည်း သတိပေးချင်ပါတယ်။

ဒီကပ်ကြီးပြီးရင်တော့ ဝက်ကြီးအဖြစ်နဲ့ မဟုတ်ပဲအချောကြီးအဖြစ်နဲ့ပဲ အားလုံးကို ပြန်တွေ့ချင်ပါတယ်လို့ ပြောကာ ပရိသတ်တွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း အိမ်မှာနေရင်းဘာတွေလုပ်ဖြစ်လဲဆိုတာ ရေးခဲ့ကြဦးနော်။

Soure…. Hsaung WittYee May’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!