ယူနီကုဒ်ဖြင့်ဖတ်ရန်
“ချစ်သူနန်းသူဇာကို သတိရလွမ်းဆွတ်နေမိတယ်ဆိုတဲ့ ကျော်ထွဋ်ဆွေရဲ့ ဗီဒီယိုဖိုင်”
မြန်မာနိုင်ငံရဲ့ နာမည်ကျော် Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ကျော်ထွဋ်ဆွေရဲကတော့ အမိုက်စားrapperတွေသီဆိုတာကြောင့် ပရိသတ်တွေအားပေးမှုကိုရရှိထားသူတစ်ဦးဆိုလည်း မမှားလောက်ဘူးနော်။ သူရဲ့ချစ်ရဆုံးချစ်သူကလည်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ အဆိုတော်မလေး နန်းသူဇာနဲ့ ချစ်သူသက်တမ်း(၉)နှစ်ကျေ်ာတောင် နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတာကြောင့် ပရိသတ်တွေ အားကျရဆုံးအတွဲတစ်တွဲထဲမှာ ပါဝင်နေတဲ့အတွဲပဲဖြစ်ပါတယ်။
ကျော်ထွဋ်ဆွေကတော့ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ကျော်ထွဋ်ဆွေက”အခုအချိန်မှာ ယူတို့လို single တွေပဲကောင်းတယ်။မဟုတ်ရင် အိုင်တို့လို လွမ်းနေရမှ”ဆိုကာ သူရဲ့ချစ်သူကို သတိရလွမ်းဆွတ်တဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာကြောင့် သူတို့ ချစ်သူနှစ်ယောက်မတွေ့ရလို့ သတိရတယ်ဆိုတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် ကျော်ထွဋ်ဆွေရဲ့ ချစ်သူကို လွမ်းနေတဲ့ ဗီဒီယိုလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်တွေထဲမှာလည်း ကျော်ထွဋ်ဆွေလို ခံစားချက်လေးထပ်တူကြမယ့်သူများရှိမယ်ထင်ပါတယ်။
Soure… Kyaw Htut Swe’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!