

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုရီးယားစကားပြောကာ ချစ်သူကို ချွဲနွှဲလိုက်တဲ့ သန္တာဗိုရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မော်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး သန္တာဗိုနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သန္တာဗိုကတော့ မော်ဒယ်များများမှာမရှိတဲ့ မြင့်မားလွန်းတဲ့ အရပ်အမောင်းနဲ့ စတိုင်ကျကျနေတတ်တာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အချစ်ရေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ကောင်းပြည့်နဲ့ချစ်သူသက်တမ်း(၇)နှစ်ကျော်အောင် နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ အတွဲလေးဟာဆိုရင် ပရိသတ်တွေကြားမှာ အားကျရဆုံးအတွဲတစ်တွဲပဲဖြစ်ပါတယ်။

သန္တာဗိုကတော့ ခေတ်စားနေတဲ့ tik tokလေးတွေကိုဆော့ကာ သူမကိုအားပေးတဲ့ ပရိသတ်တွေအတွက် အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ သန္တာဗိုက”အိမ်မှာအနေများပြီး ကိုရီးယားကားတွေ အကြည့်လွန်ပြီးဂေါက်သွားတာပါ”လို့ဆိုကာ ဟာသTik tokဗီဒီယိုဖိုင်လေးနဲ့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို အပျင်းပြေကြည့်စေဖို့ tik tokဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် သန္တာဗိုရဲ့ tik tokဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သန္တာဗိုရဲ့ ဗီဒီယိုဖိုင်လေးကြည့်ကာ အပျော်တွေကူးစက်စေမယ့်လို့ ထင်ပါတယ်။
Soure….Thandar Bo’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!