Source: Mg Mg Aye’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
PPE ကို နာရီများစွာ ဒုက္ခခံဝတ်ပြီး လူနာတွေနဲ့ နေ့စဉ်ထိတွေ့ကုသပေးနေရတဲ့ ဆရာဝန်တွေကို လေးစားဂုဏ်ပြုလိုက်တဲ့ မောင်မောင်အေး
အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ မောင်မောင်အေးက လူမှုကူညီရေးအလုပ်တွေကိုလည်း အချိန်ရော လူရောနစ်ပြီး လုပ်ဆောင်သူတစ်ယောက် ဖြစ်ပါတယ်။ မောင်မောင်အေးက လက်ရှိမှာလည်း Covid – 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေအတွက် ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ မောင်မောင်အေးက ရှေ့တန်းကနေ ကာကွယ်ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုစကားလေး ဆိုလာတာကို တွေ့ရပါတယ်။
“PPE ကို နာရီများစွာ ပေါင်းအိုးထဲရောက်နေသလို ဒုက္ခခံဝတ်ပြီး လူနာတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံကုသပေးနေတာတဲ့။ တစ်နိုင်ငံလုံးက Covid-19 ကို ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် / သူနာပြု / ကျန်းမာရေးဝန်ထမ်းတယောက်မကျန် ကျေးဇူးရှိလှပါတယ်။ ကျေးဇူးတင်ထိုက်လှပါတယ်။ ကျေးဇူးကြီးလှပါတယ်။ လေးလေးစားစား ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မူရင်းဓါတ်ပုံရှင်ကိုလည်းကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။
မောင်မောင်အေးကတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကြိုးစားနေမှုကို လေးလေးစားစား အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို Cele Connections မှ ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Mg Mg Aye’s fb
Bilie – Cele Connections
error: Alert: Content is protected !!