

 

 


 

 


 

 

Source: Moe Yu San’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid – 19 ကူးစက်ခံရသူ ၁နှစ်၆လအရွယ် ကလေးလေးအတွက် မိခင်ချင်း ကိုယ်ချင်းစာစိတ်နဲ့ စိတ်မကောင်းဖြစ်နေတဲ့ မိုးယုစံ

စကားဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး မိုးယုစံက ဗီဒီယိုဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ပြီး နှင်းဆီအငြိမ့်သဘင်ရဲ့ ပင်တိုင်စံ အငြိမ့်မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ မိုးယုစံက အိမ်ထောင်ကျပြီးနောက်ပိုင်း အရင်ကလောက် အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်ဖြစ်ပဲ သူမရဲ့ သားလေး ကောင်းသိင်္ခမိုးသူကိုသာ အချိန်ပေး ဂရုစိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ မိုးယုစံက မနေ့က သတင်းတက်လာတဲ့ Covid – 19 ကူးစက်ခံရတဲ့ ၁နှစ်၆လအရွယ် ကလေးလေးအတွက် စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။

မိုးယုစံက “၁နှစ်၆လတဲ့ စိတ်ထဲမကောင်းဘူး။ ကိုယ့်သားလေးထက်တောင်ငယ်သေးတာ။ ကိုယ်တိုင်က အသားနာမှာအရမ်းကြောက်တတ်သူဆိုတော့ တွေးရင်းနဲ့တောင်မခံစားနိုင်ဘူး။ ကလေးရယ်..ဘယ်လိုများနေမလဲ? မိဘတွေလည်းသနားမိတယ်။ ကိုယ်ဆိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။” ဆိုပြီး မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ ပြောထားပါတယ်။

မိုးယုစံကတော့ မိခင်တစ်ယောက်ပီပီ ကိုယ့်ကလေး နေမကောင်းရင် စိုးရိမ်ပူပန်တတ်တဲ့ စိတ်ခံစားချက်နဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source: Moe Yu San’s fb
Bilie – Cele Connections

error: Alert: Content is protected !!