

 


 

 


 

 

Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မောင်လေးဧဒင်ဦးအပေါ် နှစ်ပေါင်းများစွာ ပျက်ကွက်နေတဲ့အရာတစ်ခုကို အခုမှပြန်လုပ်ပေးနိုင်ကြောင်း ပြောပြလာတဲ့ ဖွေးဖွေး

မင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလုပ်ငန်းတွေကို ဆယ်စုနှစ်တစ်ခုစာ လုပ်ကိုင်လာခဲ့ရာ အခုချိန်ထိ အိမ်ထောင်မပြုဖြစ်သေးပါဘူး။ ဖွေးဖွေးက လက်ရှိ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်လာသည့်တိုင် အချစ်ရေးကို ချမပြသေးပဲ သူမရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်ဖြုန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုအကြောင်းတွေကို စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ မောင်လေး ဧဒင်ဦးအပေါ် နှစ်ပေါင်းအတော်ကြာ ပျက်ကွယ်နေတဲ့ အရာလေးကို ပြန်လုပ်ပေးမိကြောင်း အမှတ်တရ ပြောပြထားပါတယ်။ အဲ့ဒါကတော့ ဖွေးဖွေးက ဆေးကျောင်းသားမောင်လေးကို ” အိမ်ကမောင်လေးကို ညဘက် ခေါက်ဆွဲမပြုတ်ပေးရတာတောင် နှစ်နဲ့ချီပြီ။ အခုမှပဲ” ဆိုပြီး အမှတ်တရ ပြောပြထားပါတယ်။

ဖွေးဖွေးရဲ့ မောင်လေး ဧဒင်ဦးက ဖွေးဖွေးလိုပဲ အချောလေးတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးတွေရဲ့ အာရုံစိုက်ခြင်း ခံရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဖွေးဖွေးကလည်း အိမ်မှာနေတဲ့အချိန် အလုပ်တွေနားမှပဲ မိသားစုတွေနဲ့ အမှတ်တရတွေကို ပြန်လည်ရရှိလာကြောင်း မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!