“ အိမ္မွာ ေနစဥ္ အပင္ေတြကို ေခၽြးဒီးဒီးက်တဲ့အထိ စိုက္ပ်ိဳးကာ ေပ်ာ္ရႊင္ေနတဲ့ ပိုပိုရဲ႕ ဗီဒီယုိဖိုင္ေလး”

“ခ်စ္ဖူးခဲ့သမွ်” သီခ်င္းနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္ မႈေတြကို ရရွိခဲ့တဲ့ အဆုိေတာ္ ပိုပိုကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပိုပိုက သူမရဲ႕ ကိုယ္တိုင္ေရး ၊ ကိုယ္ပိုင္သံစဥ္ေတြနဲ႕သာ ပရိသတ္ေတြကို အေကာင္းဆံုး အနုပညာသီခ်င္းေတြကို ခ်ျပေနတဲ့ သူပဲျဖစ္ပါတယ္..။ မိန္းကေလး အမာခံပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိၿပီး ေအာင္ျမင္ေနတဲ့ အဆိုေတာ္ တစ္ဦးလို႕ ေျပာရင္မွားမယ္  မထင္ပါဘူး..။

 

 

 

ပိုပိုကေတာ့ သူမရဲ႕ ေအာင္ျမင္မႈေတြနဲ႕ အတူ ေဝဖန္မႈေတြ ရွိေနေပမယ့္ သူမရဲ႕ အနုပညာအလုပ္ေတြကိုသာ လုပ္ကိုင္ရင္း ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနၿပီး လိုအပ္ေနတဲ့ အေျခခံလူတန္းစားေတြအတြက္ သူမတတ္နိုင္သေလာက္ လွဴဒါန္းမႈေတြကို ျပဳလုပ္ေနတဲ့သူပဲျဖစ္ပါတယ္..။ ပိုပို က သူမရဲ႕ အားလပ္ခ်ိန္ေလးေတြကို အိမ္မွာ အပင္ေလးေတြကို စိုက္ပ်ိဳးရင္း အခ်ိန္ကုန္ဆံုးေလ့ရွိၿပီး ဒီေန႕ ဧၿပီလ (၁၉)ရက္ေန႕မွာေတာ့ “ပိုပို လည္း lock Down လုပ္ခံရတ့ဲ အခ်ိန္ေလးေတြမွာ အားတ့ဲ အခ်ိန္ အလကား မျဖစ္ရေအာင္ ၊ မပ်င္းရေအာင္ ဘယ္လိုေတြ အပင္စိုက္ေနသလဲ ဆိုတာ တင္ေပးလိုက္ပါတယ္ ။ မိေရႊမိုးသဘာဝစိုက္ခင္း ..။ ပိုပို” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

ပိုပိုက သူမကိုယ္တိုင္ သီးပင္စားပင္ေတြကို သဘာဝနည္းလမ္းေတြနဲ႕သာ စိုက္ပ်ိဳးေနတဲ့ ဗီဒီယုိဖိုင္ေလးကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္..။ အိမ္မွာေနရင္း အက်ိဳးရွိေအာင္ ေခၽြးဒီးဒီးက်တဲ့အထိ အပင္ေတြကို စိုက္ပ်ိဳးေနေပမယ့္ ေပ်ာ္ရႊင္ေနတဲ့ ပံုပါပဲေနာ္ ပရိသတ္ႀကီး ..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း အပင္ေတြကို ေသခ်ာစိုက္ပ်ိဳးေနတဲ့ ပိုပိုရဲ႕ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။
Source: Po Po’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ အိမ်မှာ နေစဉ် အပင်တွေကို ချွေးဒီးဒီးကျတဲ့အထိ စိုက်ပျိုးကာ ပျော်ရွှင်နေတဲ့ ပိုပိုရဲ့ ဗီဒီယိုဖိုင်လေး”

“ချစ်ဖူးခဲ့သမျှ” သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင် မှုတွေကို ရရှိခဲ့တဲ့ အဆိုတော် ပိုပိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပိုပိုက သူမရဲ့ ကိုယ်တိုင်ရေး ၊ ကိုယ်ပိုင်သံစဉ်တွေနဲ့သာ ပရိသတ်တွေကို အကောင်းဆုံး အနုပညာသီချင်းတွေကို ချပြနေတဲ့ သူပဲဖြစ်ပါတယ်..။ မိန်းကလေး အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပြီး အောင်မြင်နေတဲ့ အဆိုတော် တစ်ဦးလို့ ပြောရင်မှားမယ် မထင်ပါဘူး..။

ပိုပိုကတော့ သူမရဲ့ အောင်မြင်မှုတွေနဲ့ အတူ ဝေဖန်မှုတွေ ရှိနေပေမယ့် သူမရဲ့ အနုပညာအလုပ်တွေကိုသာ လုပ်ကိုင်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် သူမတတ်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်နေတဲ့သူပဲဖြစ်ပါတယ်..။ ပိုပို က သူမရဲ့ အားလပ်ချိန်လေးတွေကို အိမ်မှာ အပင်လေးတွေကို စိုက်ပျိုးရင်း အချိန်ကုန်ဆုံးလေ့ရှိပြီး ဒီနေ့ ဧပြီလ (၁၉)ရက်နေ့မှာတော့ “ပိုပို လည်း lock Down လုပ်ခံရတဲ့ အချိန်လေးတွေမှာ အားတဲ့ အချိန် အလကား မဖြစ်ရအောင် ၊ မပျင်းရအောင် ဘယ်လိုတွေ အပင်စိုက်နေသလဲ ဆိုတာ တင်ပေးလိုက်ပါတယ် ။ မိရွှေမိုးသဘာဝစိုက်ခင်း ..။ ပိုပို” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ပိုပိုက သူမကိုယ်တိုင် သီးပင်စားပင်တွေကို သဘာဝနည်းလမ်းတွေနဲ့သာ စိုက်ပျိုးနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..။ အိမ်မှာနေရင်း အကျိုးရှိအောင် ချွေးဒီးဒီးကျတဲ့အထိ အပင်တွေကို စိုက်ပျိုးနေပေမယ့် ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း အပင်တွေကို သေချာစိုက်ပျိုးနေတဲ့ ပိုပိုရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်..။
Source: Po Po’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!