ယူနီကုဒ်ဖြင့် ဖတ်ရန်
“အိမ်မှာနေစဉ် အမိုက်စား ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်အောင် ကြိုးစားလေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်လေး”
သရုပ်ဆောင်မင်းသမီး Beauty Blogger မလေး နေခြည်ဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ချီချီကတော့ အရာရာတိုင်းကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး သူမရဲ့ ရည်ရွယ်ချက်တွေအတိုင်း ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေက အားကျရတဲ့ အိုင်ဒေါတစ်ယောက်ဖြစ်နေတဲ့သူ ပဲဖြစ်ပါတယ်.။ အနုပညာအလုပ်တွေနဲ့အတူ သူမရဲ့ Beauty Blogger အလုပ်တွေကို အောင်မြင်အောင် တစ်ပြိုက်နက် ကြိုးစားလုပ်ဆောင်နေပြီး အမာခံပရိသတ်တွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး…။
ချီချီကတော့ သရုပ်ဆောင်ရာမှာ ကျရာ ကာရိုက်တာအလိုက် ပီပြင်အောင် ပြောင်းလဲလုပ်ဆောင်နိုင်တဲ့ သူပဲဖြစ်ပါတယ်..။ ဇာတ်ရုပ်တိုင်းကို စိတ်နှစ်ကာ သရုပ်ဆောင်နိုင်လို ပရိသတ်တွေရဲ့ ချီးမွှမ်းမှုတွေကို ရရှိနေတဲ့သူပါ..။ လက်ရှိမှာ ကားရိုက်တွေနားပြီး သူမရဲ့Beauty Blogger အလုပ်ကို ပြန်လည်လုပ်ကိုင်နေပြီး ခန္ဓာကိုယ် အလှအတွက် အိမ်မှာနေရင်း ကြိုးစားလေ့ကျင့်ခန်းတွေကို လုပ်ဖြစ်နေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ “ဒီနေ့အတွက် လေ့ကျင့်ခန်းလုပ်ပြီးပြီလား ?? အခုတလောကလုံးက အလိုချင်ဆုံး အချိန်တွေ ပိုင်ဆိုင်နေရပြီ။ ဘဝကို ကိုယ့်စိတ်ကြိုက်ပြုပြင်ပြောင်းလဲနေထိုင်ဖို့ အချိန်တွေဆွဲမနေနဲ့တော့ !!!EXCUSES ARE FOR LOSERS !!We are the CHAMPION ..naychioo . beautybynaychi . naychifit .. stayhome …Covid19” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ချီချီၤကတော့ သူမကိုယ်တိုင် ပြောင်းလဲမှုတွေကို အိမ်မှာနေစဉ် လုပ်ဆောင်နေပြီး သူမရဲ့ ပရိသတ်တွေကိုလည်း Motivate လေးပေးကာ အတူ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်တဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။Cele Connections ပရိသတ်ကြီးအတွက်လည်း အမိုက်စားသီချင်းလေးနဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း နေခြည်ဦးကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: Nay Chi Oo’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!