

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်နီးနားပတ်ဝန်းကျင်က အမှိုက်သိမ်းသူနဲ့ လုံခြုံရေးအစောင့်တွေအတွက် မျှဝေဖို့ အစားသောက်တွေကို ကိုယ်တိုင်ပြင်ဆင်နေတဲ့ Sinon Loresca”

မြန်မာနိုင်ငံသား မဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ Sinon ဟာ ဗိုင်းရပ်စ်ပိုးမပျံ့နှံ့ခင် အချိန်မှာတည်းက Mask တွေကို လိုက်ဝေကာ ကျန်းမာရေးဂရုစိုက်ကြဖို့ အတွက် တိုက်တွန်းလုပ်ဆောင်မှုတွေကို လုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်.။ ကိုယ်တိုင်လည်း ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်သလို အများပြည်သူတွေအတွက်ကိုလည်း တိုက်တွန်းနှိုးဆော်နေသူပါ..။

ပရဟိတအလုပ်တွေကို လုပ်ကိုင်သလို လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက်ကိုလည်း သူတတ်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်နေတဲ့သူဖြစ်ပြီး ဒီနေ့ ဧပြီလ (၁၉)ရက်နေ့မှာတော့ Sinon က “ကျွန်တော်တို့ တို့အိမ်အနီးအနားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အမှိုက်သိမ်းသူနဲ့ လုံခြုံရေးအစောင့်တွေအတွက် ကျွန်တော် ယနေ့ တူနာငါးသုပ်အသားညှပ်ပေါင်မုန့် ပြုလုပ်ပါတယ်။ သတိရပါ သူတို့ဟာ Front liners တွေထဲမာ အပါ အဝင်ဖြစ်ပါတယ်။ အမြဲတမ်းချစ်ခြင်း မေတ္တာနှင့်ကြင်နာမှု ပြန့်နှံ့ကြပါစေ.”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

Sinon ကတော့ ကိုယ်တိုင် လုပ်ကာ အိမ်အနီးအနား ပတ်ဝန်းကျင်က အလုပ်လုပ်နေရတဲ့ သူတွေအတွက် မျှဝေငှဖို့ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကြင်နာတတ်တဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်.။
Source: Sinon Loresca’ s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!