အလုပ္ေတြပါးတုန္းေလး အရသာရိွတဲ့ဟင္းပြဲေတြကိုယ္တိုင္ခ်က္ျပီး အြန္လိုင္းကေန ေရာင္းခ်သြားမယ့္ ခင္လိႈင္

နာမည္ၾကီး ဇာတ္ပို့သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခင္လိႈင္က အသက္အရြယ္တစ္ခုေရာက္သည့္တိုင္ ေအာင္ျမင္မႈေတြ ရရိွေနျပီး ရုပ္ရွင္ဇာတ္ကားေတြ လက္မလည္ေအာင္ ရိုက္ကူးေနရတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္က ဒါရိုက္တာတစ္ေယာက္အျဖစ္လည္း ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးေနျပီး အျခားေသာ စီးပြားေရး၊ လူမႈေရးကိစၥေတြကိုလည္း ျပဳလုပ္ေနလ်က္ရိွပါတယ္။ အခုလို Covid-19 ေရာဂါေၾကာင့္ အနုပညာအလုပ္ေတြ ရပ္နားထားရတဲ့ ခင္လိႈင္က ဒီေန့မွာေတာ့ သူ့ရဲ့ေနာက္ထပ္စီးပြားေရးတစ္ခုကို ေျပာျပလာပါတယ္။

 

 

အဲ့ဒါကေတာ့ ခင္လိႈင္က သူကိုယ္တိုင္ခ်က္တဲ့ အိမ္ခ်က္အရသာဟင္းပြဲေတြကို အြန္လိုင္းကေန ေရာင္းခ်မယ့္အေၾကာင္းကို “ရန္ကုန္က ခ်စ္မိတ္ေဆြတို႔ေရ အရသာရွိေသာဟင္းပြဲမ်ားကို ကိုယ္တိုင္ခ်က္ ကိုယ္တိုင္ ပိို႔ၿပီးပါဆယ္ေရာင္းေတာ့မယ္ေနာ္။ CB မွာလာမွာလို႔ရပါၿပီ။” ဆိုျပီး သတင္းေကာင္းေလး ပါးထားပါတယ္။

 

 

ခင္လိႈင္ကေတာ့ ဟင္းခ်က္ဝါသနာပါသူတစ္ေယာက္ျဖစ္ျပီး ရႈတင္နားခ်ိန္ေတြမွာ သူျပင္ဆင္ခ်က္ျပဳတ္ျဖစ္တာေတြကို ေဖ့စ္ဘုတ္မွာ မွ်ေဝေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ ခင္လႈိင္ခ်က္တဲ့ အစားအစာေတြက ၾကည့္ရံုနဲ့တင္ အရသာရိွတာမို့ ခင္လိႈင္တစ္ေယာက္ ေရာင္းမေလာက္ျဖစ္မွာ ေသခ်ာပါတယ္ေနာ္။

 

 

Source: Khin Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အလုပ်တွေပါးတုန်းလေး အရသာရှိတဲ့ဟင်းပွဲတွေကိုယ်တိုင်ချက်ပြီး အွန်လိုင်းကနေ ရောင်းချသွားမယ့် ခင်လှိုင်

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်က အသက်အရွယ်တစ်ခုရောက်သည့်တိုင် အောင်မြင်မှုတွေ ရရှိနေပြီး ရုပ်ရှင်ဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်က ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီး အခြားသော စီးပွားရေး၊ လူမှုရေးကိစ္စတွေကိုလည်း ပြုလုပ်နေလျက်ရှိပါတယ်။ အခုလို Covid-19 ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ ခင်လှိုင်က ဒီနေ့မှာတော့ သူ့ရဲ့နောက်ထပ်စီးပွားရေးတစ်ခုကို ပြောပြလာပါတယ်။

အဲ့ဒါကတော့ ခင်လှိုင်က သူကိုယ်တိုင်ချက်တဲ့ အိမ်ချက်အရသာဟင်းပွဲတွေကို အွန်လိုင်းကနေ ရောင်းချမယ့်အကြောင်းကို “ရန်ကုန်က ချစ်မိတ်ဆွေတို့ရေ အရသာရှိသောဟင်းပွဲများကို ကိုယ်တိုင်ချက် ကိုယ်တိုင် ပို့ပြီးပါဆယ်ရောင်းတော့မယ်နော်။ CB မှာလာမှာလို့ရပါပြီ။” ဆိုပြီး သတင်းကောင်းလေး ပါးထားပါတယ်။

ခင်လှိုင်ကတော့ ဟင်းချက်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ရှုတင်နားချိန်တွေမှာ သူပြင်ဆင်ချက်ပြုတ်ဖြစ်တာတွေကို ဖေ့စ်ဘုတ်မှာ မျှဝေလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ခင်လှိုင်ချက်တဲ့ အစားအစာတွေက ကြည့်ရုံနဲ့တင် အရသာရှိတာမို့ ခင်လှိုင်တစ်ယောက် ရောင်းမလောက်ဖြစ်မှာ သေချာပါတယ်နော်။

Source: Khin Hlaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!