“အရမ္းကို သတိရေနမိတဲ့ အရာေလးေတြကို သီခ်င္းအျဖစ္နဲ႕ သီဆိုရင္ဖြင့္လာတဲ့ စိုင္းစိုင္းရဲ႕ ဗီဒီယုိဖိုင္ေလး”

ျမန္မာနိုင္ငံရဲ႕ နာမည္ႀကီး အနုပညာရွင္ေတြထဲက တစ္ဦျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပရိသတ္ေတြရဲ႕ ရင္ထဲကို ထိမိေစတဲ့ သီခ်င္းသံစဥ္ စာသားေတြနဲ႕ ေအာင္ျမင္မႈေတြကို ရရွိခဲ့တဲ့ စိုင္းစိုင္း ရဲ႕ သီခ်င္းေတြထဲက “သူငယ္ခ်င္းမ်ားစြာ” သီခ်င္းဟာ အခုခ်ိန္ေတြထိ လူတိုင္းရဲ႕ရင္ကို ခံစားရေအာင္ လုပ္နိုင္တဲ့ သီခ်င္းျဖစ္ေနဆဲပဲျဖစ္ပါတယ္..။ လက္ရွိမွာ ရုပ္ရွင္ေတြ ရိုက္ကူးၿပီး သရုပ္ေဆာင္ အဆိုေတာ္ တစ္ေယာက္အျဖစ္ လုပ္ကိုင္ေနသလို ကိုယ္ပိုင္နာမည္အမွတ္တံဆိပ္နဲ႕ မိန္းကေလး Cosmetic ႏႈတ္ခမ္းနီကိုလည္း ထုတ္လုပ္တဲ့သူလည္း  ျဖစ္ပါေသးတယ္..။

 

 

ကိုယ္တိုင္ ရုပ္ရွင္ထုတ္လုပ္ထားတဲ့ “ပိေတာက္ကတဲ့ ဂီတ” ရုပ္ရွင္ဇာတ္ကားႀကီးဟာလည္း ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးမႈေတြကို ရရွိခဲ့တဲ့ စိုင္းစိုင္းကေတာ့ ဘက္စံုေတာ္တဲ့ လူတစ္ဦးလို႕ ေျပာရင္မွားမယ္ မထင္ပါဘူးေနာ္.. ။ဗိုင္းရပ္စ္ပ်ံ႕ႏွံ႕ေနတဲ့ အခ်ိန္မွာလည္း က်န္းမာေရး ဌာနရဲ႕ လမ္းညႊန္ခ်က္ေတြအတိုင္း လိုက္နာ ေဆာင္ရြက္ၾကဖို႕အတြက္ တိုက္တြန္းတဲ့ ပိုစ့္ေလးေတြကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေပးၿပီး လိုအပ္ေနတဲ့ ေနရာေတြအတြက္လည္း လွဴဒါန္းမႈေတြကို ျပဳလုပ္ေနတဲ့သူပါ..။ ကိုယ္တိုင္လည္း က်န္းမာေရးဌာနရဲ႕ လမ္းညႊန္ခ်က္အတိုင္း အိမ္မွာပဲ ေနထိုင္ေနတဲ့ စိုင္းစိုင္းက ဒီေန႕ ဧၿပီလ (၁၉)ရက္ေန႕မွာေတာ့ “အရမ္းသတိရသြားလို႔ ဆိုမိတဲ့သီခ်င္း .. မူလသီခ်င္းရဲ႕ပိုင္ရွင္က Ko Lu Mg ေဆး၁ ပါ။ ဦးလူေမာင္ တားဂိုခြင့္လႊတ္ဘာ..” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

စိုင္းစိုင္းကေတာ့ အိမ္မွာပဲ ေနရတဲ့ အခ်ိန္မွာ အရမ္းသတိရေနမိတဲ့ အစားအေသာက္ေလးေတြကို နာမည္ႀကီး တဲ့ သီခ်င္းတစ္ပုဒ္ရဲ႕စာသားေနရာမွာ ထည့္သြင္းၿပီး သီဆုိထားတဲ့ ဗီဒီယုိဖိုင္ပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္ အရမ္းသတိရေနတဲ့ အစားအေသာက္ေလးကို သံစဥ္ေလးနဲ႕ သီဆုိထားတဲ့ စိုင္းစိုင္းရဲ႕ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝ ေပးလုိက္ပါတယ္..။ ပရိသတ္ႀကီးထဲမွာလည္း စိုင္းစိုင္းနဲ႕ ထပ္တူ သတိရေနတဲ့သူေတြရွိရင္ သတိရေနမိတဲ့ အစားအေသာက္ေလးေတြကို အေပ်ာ္သေဘာနဲ႕ မွတ္ခ်က္ေလးေတြအျဖစ္ ေရးခဲ့ၾကပါဦးေနာ္..။
Source: Sai Sai Kham Leng’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အရမ်းကို သတိရနေမိတဲ့ အရာလေးတွေကို သီချင်းအဖြစ်နဲ့ သီဆိုရင်ဖွင့်လာတဲ့ စိုင်းစိုင်းရဲ့ ဗီဒီယိုဖိုင်လေး”

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေထဲက တစ်ဦဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ ရင်ထဲကို ထိမိစေတဲ့ သီချင်းသံစဉ် စာသားတွေနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ စိုင်းစိုင်း ရဲ့ သီချင်းတွေထဲက “သူငယ်ချင်းများစွာ” သီချင်းဟာ အခုချိန်တွေထိ လူတိုင်းရဲ့ရင်ကို ခံစားရအောင် လုပ်နိုင်တဲ့ သီချင်းဖြစ်နေဆဲပဲဖြစ်ပါတယ်..။ လက်ရှိမှာ ရုပ်ရှင်တွေ ရိုက်ကူးပြီး သရုပ်ဆောင် အဆိုတော် တစ်ယောက်အဖြစ် လုပ်ကိုင်နေသလို ကိုယ်ပိုင်နာမည်အမှတ်တံဆိပ်နဲ့ မိန်းကလေး Cosmetic နှုတ်ခမ်းနီကိုလည်း ထုတ်လုပ်တဲ့သူလည်း ဖြစ်ပါသေးတယ်..။

ကိုယ်တိုင် ရုပ်ရှင်ထုတ်လုပ်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိခဲ့တဲ့ စိုင်းစိုင်းကတော့ ဘက်စုံတော်တဲ့ လူတစ်ဦးလို့ ပြောရင်မှားမယ် မထင်ပါဘူးနော်.. ။ဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့ အချိန်မှာလည်း ကျန်းမာရေး ဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းတဲ့ ပိုစ့်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးပြီး လိုအပ်နေတဲ့ နေရာတွေအတွက်လည်း လှူဒါန်းမှုတွေကို ပြုလုပ်နေတဲ့သူပါ..။ ကိုယ်တိုင်လည်း ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း အိမ်မှာပဲ နေထိုင်နေတဲ့ စိုင်းစိုင်းက ဒီနေ့ ဧပြီလ (၁၉)ရက်နေ့မှာတော့ “အရမ်းသတိရသွားလို့ ဆိုမိတဲ့သီချင်း .. မူလသီချင်းရဲ့ပိုင်ရှင်က Ko Lu Mg ဆေး၁ ပါ။ ဦးလူမောင် တားဂိုခွင့်လွှတ်ဘာ..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

စိုင်းစိုင်းကတော့ အိမ်မှာပဲ နေရတဲ့ အချိန်မှာ အရမ်းသတိရနေမိတဲ့ အစားအသောက်လေးတွေကို နာမည်ကြီး တဲ့ သီချင်းတစ်ပုဒ်ရဲ့စာသားနေရာမှာ ထည့်သွင်းပြီး သီဆိုထားတဲ့ ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက် အရမ်းသတိရနေတဲ့ အစားအသောက်လေးကို သံစဉ်လေးနဲ့ သီဆိုထားတဲ့ စိုင်းစိုင်းရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်..။ ပရိသတ်ကြီးထဲမှာလည်း စိုင်းစိုင်းနဲ့ ထပ်တူ သတိရနေတဲ့သူတွေရှိရင် သတိရနေမိတဲ့ အစားအသောက်လေးတွေကို အပျော်သဘောနဲ့ မှတ်ချက်လေးတွေ  အဖြစ် ရေးခဲ့ကြပါဦးနော်..။
Source: Sai Sai Kham Leng’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!