

 

 


 

 


 

 

Source: Big Bag Band ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အနုပညာရှင်တွေအများကြီး အိမ်ထဲကနေ ပါဝင်အားဖြည့်ထားကြတဲ့ Big Bag ရဲ့ “အရင်အတိုင်းရန်ကုန်” သီချင်း

လူငယ်ကြိုက် Band တစ်ခုဖြစ်တဲ့ Big Bag Band ကတော့ အဆိုတော် ကျားပေါက် ဦးဆောင်ပြီး နှစ်ပေါင်းများစွာ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ Big Bag သီချင်းတွေကတော့ ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေကြား ရေပန်းစားနေဆဲဖြစ်ပြီး ကျော်ကြားနေဆဲပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Big Bag Band က ပရိသတ်တွေ ကြားဖူးပြီးသားသီချင်းလေးနဲ့ ပြန်လည်မိတ်ဆက်ပေးလာပါတယ်။

သီချင်းလေးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထွက်ရှိခဲ့တဲ့ “အရင်အတိုင်းရန်ကုန်” သီချင်းလေးဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ အနုပညာရှင်တွေကလည်း ဒီသီချင်းလေးအတွက် နေအိမ်ကိုယ်စီကနေ ပါဝင်အားဖြည့်ထားကြတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

“အရင်အတိုင်းရန်ကုန်” သီချင်းလေးက (၉)နှစ်လောက်ကြာပြီဖြစ်ပေမယ့် အခုချိန်ထိ ရင်ကိုရိုက်ခတ်နေဆဲပါပဲ။ ပရိသတ်ကြီးလည်း “အရင်အတိုင်းရန်ကုန်” သီချင်းလေးကို နားဆင်ပြီး တစ်ခုခုကို ခံစားသွားရမယ် ထင်ပါတယ်။

Source: Big Bag Band ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!