

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“အခုချိန်မှာ ကိုယ်ခံအားကောင်းဖို့ စားနေရတာကို ဝလာတယ်လို့ ပြောတဲ့သူတွေကို ပညာသားပါပါတုံ့ပြန်လိုက်တဲ့ မိစန္ဒီ”

 

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အဆိုတော်တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ မိစန္ဒီနဲ့ ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိစန္ဒီကတော့ Rap သီချင်းကို ကျွမ်းကျင်စွာဆိုနိုင်ရုံတင်မက သီချင်းအေးအေးလေးတွေကိုလည်း ပရိသတ်တွေရဲ့ ရင်ထဲထိကို စွဲလမ်းစေမယ့် အဆိုတော်တစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” ရေခဲရိုက်အပြုံး” သီချင်းကတော့ အခုချိန်ထိကို ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

မိစန္ဒီကတော့ သူမရဲ့ သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်အောင်လည်း ကြိုးစားနေပေမယ့် ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် အိမ်ထဲမှာရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မိစန္ဒီက”ဒီလို အချိန်မှာ အစာများများစားပါ..ဝိတ်တက်လာလို့ ဝလာတယ် မလှဘူးပြောခံရရင် ပြောတဲ့သူတွေကို လည်း ကိုက်စားလိုက်ပါ..စားမယ်… ဝေါင်း”လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်မဖြစ်အောင်လို့ ကိုယ်ခံအားရှိအောင်စားနေရတဲ့အချိန်မှာ ဝလာတယ်လို့ ပြောတဲ့သူတွေကို ကိုက်စားလိုက်မယ်ဆိုပြီး စနောက်ကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မိစန္ဒီရဲ့ မဝဘူးမလှဘူးလို့ ပြောလိုက်တဲ့သူတွေကိုတုံ့ပြန်လိုက်တဲ့အကြောင်းကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း မိစန္ဒီကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure…Mi Sandi’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!