ယူနီကုဒ်ဖြင့် ဖတ်ရန်
“အခုချိန်ခါမှာ အသင့်တော်ဆုံး လုပ်သင့်တဲ့ အလုပ်တစ်ခုကို ပြောပြလာတဲ့ ကျော်သူရဲ့ ဗီဒီယိုဖိုင်”
အနုပညာရှင် မင်းသားကြီး ကျော်သူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျော်သူက မင်းသားတစ်ယောက်အနေနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး လက်ရှိမှာလည်း အများလေးစားရတဲ့ ဒါရိုက်တာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး..။ ကျော်သူ နာရေးကူညီမှု အသင်းကို တည်ထောင်ခဲ့ပြီး အများအကျိုးအတွက် လုပ်ဆောင်သလို ပရဟိတအလုပ်တွေကိုလည်း တတ်အားသရွေ့ လုပ်ဆောင်တဲ့ သူပါ..။
လတ်တလောတုန်းကမှ နာရေးကူညီမှု အသင်းသားတွေအတွက် ကိုယ်တိုင် မုန့်လိပ်ပြာ လုပ်ကျွေးခဲ့ပြီး ဒီနေ့ဧပြီလ (၁၉)ရက်နေ့မှာတော့ မုန့်လိပ်ပြာ လုပ်စဉ်က ခံစားချက်လေးတွေကို ဗီဒီယိုဖိုင်လေးနဲ့အတူ “ခုချိန်ခါမှာ ဒါဘဲ ကောင်းတယ်။ အာရုံစူးစိုက်မှုရှိတယ်။ အန္တရာယ်ကင်းတယ်။ အကုန်အကျ သက်သာတယ်။ အကုသိုလ် အရှင်းမရှိ။ အပျင်းလည်းပြေတယ်။ လုပ်ရင်းနဲ့ တရားပါပေါက်သွားနိုင်တယ်။ လုပ်ရင်းနဲ့ သူဌေးပါဖြစ်သွားနိုင်တယ်။ဒါဘဲ…ကျော်သူ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည် လုပ်ကျွေးခဲ့ပြီး လုပ်နေစဉ်မှာ ပဲ တွေးမိ ၊ ခံစားမိတဲ့ အချက်လေးတွေကို ရေးသားတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ကျော်သူရဲ့ အသင်းသားများအတွက် မုန့်လိပ်ပြာလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ဦးကျော်သူကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်.။
Source: Kyaw Thu’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!