ယူနီကုဒ်ဖြင့် ဖတ်ရန်
“သူနေထိုင်ရာ မြောက်ဒဂုံမြို့နယ်မှာ ပိုးကူးစက်ခံရသူတွေ တွေ့တယ်ဆိုတဲ့ သတင်းကြောင့် စိတ်ညစ်နေရတယ်ဆိုတဲ့ ဇေရဲထက်”
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော ဇေရဲထက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ကိုရီးယား မင်းသားလေးလို ချောမောလွန်းလို့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ခံနေရတဲ့ သူပဲဖြစ်ပါတယ်..။ လက်ရှိ မှာ ကားရိုက်ကျဲသွားပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူပါ.။ လက်ရှိမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ရောဂါပိုး အန္တရာယ်ကနေ ကာကွယ်ဖို့ နည်းလမ်းတွေကို မျှဝေပြောပြပေးသလို လိုအပ်တဲ့ နေရာတွေအတွက်လည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်နေတဲ့သူပဲဖြစ်ပါတယ်.။
ဒီနေ့ ဧပြီ လ (၁၉)ရက်နေ့မှာတော့ ဇေရဲထက်က သူတို့နေထိုင်တဲ့ မြောက်ဒဂုံမှာ တစ်ရပ်ကွက်လုံး ပိုးကူးစက်ခံနေရတဲ့ သတင်းကြောင့် စိတ်ပူနေမိတဲ့ အကြောင်းလေးကို “ဟာလို့တောင် မအော်နိုင်တော့ပါဘူး.။ သတင်းမှားပါစေ ။ ပြောရင်းဆိုရင်း အသက်ရှုကြပ်နေသလို ပြောထားရက်နဲ့ လူစုလူဝေးမလုပ်ကြနဲ့ လို့ပြောတာ အခုအကုန်ကူးကုန်ပြီ။ ပြောရင်လည်းမကောင်း အသိသတိလေးထားပါကွယ်။ ကိုယ်တွေတောင် ဘုန်းကြီးတောင်အိမ်မပင့်ဘူး ။ ဘုန်းကြီးကျောင်း သွားကပ်တာ ဝတ်စုံအပြည့်နဲ့ အနိစ္စ ဒုက္ခ အနတ္တ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူးလေ ။ အသိတရားရှိနေရမှာ ပြီးတော့ စည်းမရှိ ကမ်းမရှိတွေကနေကြ အိမ်ကဟာတွေလည်း ငါပြောရင်လွန်မယ် ။ လက်အိတ် mask PPE ခေါင်းစွပ် လက်သန့်ဆေး ပိုးသတ်ဆေး အကုန်ဝယ်ပေးထားတယ် ။
စရိုတ်သိပ်ဆန်တယ်။ ပြောရတာမောတယ်။ ဘယ်အိမ်ရှင်မှ အသေးစိတ်မစီစဉ်ပေး ၊ အိမ်ထောင်ဦးစီးဖြစ်ရတာမလွယ်။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ဇေရဲထက်ကတော့ သူအတွက်ရော အိမ်ကလူတွေအတွက်ပါ သေချာ ဂရုစိုက် စီစဉ်ထားပေမယ့် သေချာမလိုက်နာကြတဲ့ အိမ်က လူတွေကြောင့် စိတ်ညစ်နေရပြီး တစ်ရပ်ကွက်လုံးနီးပါး ပိုးကူးစက်ခံနေရတဲ့ သတင်းကြောင့် အသက်ရှုတွေပါ ကျပ်နေမိတဲ့ သူ့အဖြစ်ကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း နေထိုင်ရာ မြောက်ဒဂုံမှာ တစ်ရပ်ကွက်လုံးနီးပါ ပိုးကူးခံနေရတဲ့ သတင်းကြောင့် စိတ်ညစ်နေတဲ့ ဇေရဲထက်အတွက် အာေးပးစကားလေးတွေ  ပြောပေးခဲ့ပါဦးနော်.။
Source: Zay Ye Htet’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!