Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
သုသုနဲ့ ရုပ်ရှင်ရိုက်ဖို့ အပျော်လွန်ပြီး မျက်နှာပေါင်းတင်လိုက်တာ G Fatt တစ်ယောက် Park Seo Joon လိုဖြစ်သွားတယ်ဆိုပြီး အရွှန်းဖောက်လာတဲ့ ယုန်လေး
သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ယုန်လေးက သူ့ရဲ့ အလုပ်နဲ့ ပက်သတ်ပြီး တိတိကျကျရှိသလို အပြင်မှာတော့ လူချစ်လူခင်ပေါများပြီး ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ လူတိုင်းကို ပျော်စေချင်တဲ့စိတ်ရှိတဲ့ ယုန်လေးက ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အဆိုတော် G Fatt နဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း) ကို စနောက်ကျီစယ်ထားတာကို တွေ့ရပါတယ်။
ယုန်လေးက “မနေ့က ငွေဆောင်သွားတဲ့ အကြောင်း စိတ်ကူးနဲ့ အပျော်လေးရေးပြီး G Fatt ကို ဖုန်းဆက်လိုက်တယ်။ ဒါကြီးပြီးရင် တကယ်ရိုက်ရင်ရိုက်မှာပြောလိုက်တာ။ မင်းသမီးကလည်း သုသု လို့ ပြောလိုက်တာ ပျော်ပြီးတော့ G Fatt ပေါင်းတွေတင်ပြီး Skin Care လုပ်လိုက်တာ အသားတွေဖြူလာတယ်။ အပျော်သဘော သာမန့်ရန်။” ဆိုပြီး G Fatt နဲ့ ညီညီမောင်ကို စနောက်ထားပါတယ်။
ယုန်လေးကတော့ ညီညီမောင် (စမ်းချောင်း) နဲ့ ကိုရီးယားမင်းသား Park Seo Joon ပုံကို တွဲပြီးတော့ G Fatt ပေါင်းတင်လိုက်ပြီး Skin Care လိုက်တဲ့မျက်နှာဆိုပြီး စနောက်ထားတာ ဖြစ်ပါတယ်။ G Fatt နဲ့ သုသုလည်း ယုန်လေးကို စိတ်မဆိုးကြလောက်သလို ပရိသတ်ကြီးလည်း ခဏတာ စိတ်အပန်းပြေသွားမယ် ထင်ပါတယ်နော်။
Source: Yone Lay’s fb
Bilie – Cele Connections
error: Alert: Content is protected !!