

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သားလေး Koe Koe ရဲ့ (၉)လပြည့် မွေးနေ့လေးမှာ ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့အတူတူ မွေးနေ့ဆုတောင်းပေးထားတဲ့ ပိုးအိအိခန့်

မင်းသမီးလေး ပိုးအိအိခန့်ကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာပဲ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က သားလေးကို သွင်ဦးဟန် @ Koe Koe လို့ နာမည်ပေးထားပြီး သားလေးကလည်း အရုပ်လေးလို ချစ်စရာကောင်းသူမို့ ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၁၉) ရက်နေ့ကတော့ Koe Koe ရဲ့ (၉)လပြည့် မွေးနေ့လေးဖြစ်ပြီး မေမေပိုးအိအိခန့်က သားလေးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးထားပါတယ်။

“ဒီနေ့ မေမေ့အသဲလေး မေမေနဲ့ ဖေဖေတို့ ဘဝထဲရောက်လာတာ (၉) လပြည့်ပြီ။ သားလေးအမြဲ ပျော်ရွှင်ကျန်းမာ လူလိမ္မာလေးဖြစ်ဖို့ မေမေတို့ ကြိုးစားပါ့မယ်။ သားလေးကလည်း တစ်ချိန်မှာလူတော် လူကောင်းလေး နဲ့ ကိုယ်ချင်းစာတရားရှိတဲ့ ယောကျာ်းကောင်းလေးဖြစ်ဖို့ ကြိုးစားပေးပါ။” ဆိုပြီး သူမရဲ့ ဆန္ဒတွေနဲ့အတူတူ မွေနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

ပိုးအိအိခန့်ကတော့ သားလေး Koe Koe အတွက် အကောင်းဆုံးတွေကိုသာ ဖန်တီးပေးနေတဲ့ မေမေတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးအိအိခန့်ရဲ့ သားငယ်လေး Koe Koe အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ပါဦးနော်။

Source: Poe Ei Ei Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!