

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ဘယ်သူက ဘယ်သူ့ကို ကြွေနေတယ်ဆိုတာ သိသာစေတဲ့သက်သေလေးနဲ့ မူးလာကို ဆေးထိုးစနောက်လိုက်တဲ့ နော်စေးစေးထူး”

Myanmar Idol Season (4)ရဲ့ ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ နော်စေးစေးထူးနဲ့ စောခရစ်မူးလာတို့ကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နော်စေးစေးထူးကတော့ အသံပါဝါအားကောင်းတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပြိုင်ပွဲပြီးကတည်း သီချင်းအသစ်ကို ထွက်ရှိလာအောင်နိုင်လည်း ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

နော်စေးစေးထူးကတော့ သူတို့ရဲ့ ပြိုင်ပွဲဝင်အချင်းချင်းကို ဆေးထိုးစနောက်ထားတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နော်စေးစေးထူးက “ငမူးကြီး ရှင်ပြောသလို ဘယ်သူက ဘယ်သူ့ကိုကြိတ်ပြီးကြိုက်နေသလဲဆိုတာ အားလုံးပဲဆုံးဖြတ်ပေးပါသက်သေနှင့်တကွငြင်းမရပါ”လို့ဆိုကာ မူးလာကို ဆေးအကြီးကြီးထိုးကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မူးလာက နော်စေးရဲ့ဆေးထိုးမှုကို ခံလိုက်ရပါပြီနော်။

CeleConnections ပရိသတ်တွေအတွက် နော်စေးစေးထူးရဲ့ ဆေးထိုးလိုက်တဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း နော်စေးစေးထူးနဲ့ မူးလာတို့ရဲ့ ဘယ်သူ့ကို ကြိတ်ကြိုက်တယ်ဆိုတဲ့အကြောင်းလေးကို ဆုံးဖြတ်ပေးလိုက်ကြပါအုံးနော်။

Soure….Naw Say Say Htoo’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!