ပထမဆံုးအလုပ္အေတြ့အၾကံဳကိုေျပာျပရင္း အသက္ၾကီးလာတဲ့အခါ စိတ္ဓာတ္က်အားငယ္မႈေတြမျဖစ္ရေအာင္ သတိေပးလာတဲ့ ေနျခည္ဦး

Beauty Blogger တစ္ေယာက္အျဖစ္ ပရိသတ္ေတြသိလာရတဲ့ ေနျခည္ဦးက (၃)နွစ္ေက်ာ္အခ်ိန္အတြင္းမွာ သူမရဲ့ ၾကိဳးစားအားထုတ္မႈေၾကာင့္ ရုပ္ရွင္မင္းသမီးတစ္ေယာက္အျဖစ္ ေအာင္ျမင္လာခဲ့သလို beautybynaychi ကုမၸဏီၾကီးကိုလည္း တည္ေထာင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ငယ္စဥ္က နိုင္ငံျခားမွာ ေက်ာင္းသြားတက္ျပီး အလုပ္လုပ္ၾကီးျပင္းလာခဲ့တဲ့ ေနျခည္ဦးက ဒီေန့မွာေတာ့ သူမရဲ့ ငယ္ဘဝကို ေျပာျပရင္း လူငယ္ေတြအတြက္ အဖိုးတန္တဲ့စကားေလး ေျပာထားပါတယ္။

 

 

“အသက္ ၂၀ မွ သူမ်ားဆီမွာ အလုပ္ဝင္လုပ္ခဲ့တာ ေနာင္တရတယ္။ ၁၈ ၁၉ ေလာက္ထဲက ဝင္လုပ္ၿပီး ဘဝအေတြ႕အႀကဳံေတြ ယူခဲ့ရမွာ။ အခုေခတ္ကေလးေတြက ေတာ္ပါတယ္။ CV ေတြၾကည့္လိုက္ရင္ ဆယ္တန္းေအာင္တာနဲ႔ အလုပ္ေတြ ဝင္ထားတာမ်ားတယ္။ သူမ်ားဆီမွာ အလုပ္ဝင္လုပ္တာနဲ႔ ကိုယ့္မိဘ အလုပ္ဝင္ကူတာ တကယ္တျခားဆီပါ။ ငယ္ငယ္ေလးနဲ႔ ဘာမာန္မွ ထားမေနၾကနဲ႔ေနာ္။ မထားသင့္တဲ့ မာန္ေတြထားရင္ ေနျခည့္တို႔လို အသက္အ႐ြယ္တစ္ခုေရာက္လာလို႔ ကိုယ္ပိုင္ ပခုံးခ်င္းယွဥ္တဲ့အခါ စိတ္ဓါတ္က်အားငယ္ရလိမ့္မယ္။ အခု ဆယ္တန္းေျဖထားၾကတာဆိုေတာ့ Part Time ေလးဘဲဝင္လုပ္လုပ္ ေစ်းဘဲကူေရာင္းေရာင္း သူမ်ားဆီမွာ ဝင္အလုပ္လုပ္ၾကည့္။အလုပ္ဟူသမွ် ဂုဏ္ရွိစြ” ဆိုျပီး ေျပာထားပါတယ္။

 

 

ေနျခည္က သူမကိုယ္တိုင္ အဆင့္ေတြမ်ားစြာကို ေက်ာ္ျဖတ္ခဲ့ျပီး အခုဆိုရင္ ေအာင္ျမင္ေနျပီဆိုေပမယ့္လည္း ဆက္လက္ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။ လူငယ္ေလးေတြလည္း ေနျခည္ေျပာတာေလးကိုၾကည့္ျပီး စိတ္ဓာတ္ခြန္အားေတြ ရရိွသြားမယ္လို့ ထင္ပါတယ္ေနာ္။

 

 

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပထမဆုံးအလုပ်အတွေ့အကြုံကိုပြောပြရင်း အသက်ကြီးလာတဲ့အခါ စိတ်ဓာတ်ကျအားငယ်မှုတွေမဖြစ်ရအောင် သတိပေးလာတဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေသိလာရတဲ့ နေခြည်ဦးက (၃)နှစ်ကျော်အချိန်အတွင်းမှာ သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်လာခဲ့သလို beautybynaychi ကုမ္ပဏီကြီးကိုလည်း တည်ထောင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်က နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး အလုပ်လုပ်ကြီးပြင်းလာခဲ့တဲ့ နေခြည်ဦးက ဒီနေ့မှာတော့ သူမရဲ့ ငယ်ဘဝကို ပြောပြရင်း လူငယ်တွေအတွက် အဖိုးတန်တဲ့စကားလေး ပြောထားပါတယ်။

“အသက် ၂၀ မှ သူများဆီမှာ အလုပ်ဝင်လုပ်ခဲ့တာ နောင်တရတယ်။ ၁၈ ၁၉ လောက်ထဲက ဝင်လုပ်ပြီး ဘဝအတွေ့အကြုံတွေ ယူခဲ့ရမှာ။ အခုခေတ်ကလေးတွေက တော်ပါတယ်။ CV တွေကြည့်လိုက်ရင် ဆယ်တန်းအောင်တာနဲ့ အလုပ်တွေ ဝင်ထားတာများတယ်။ သူများဆီမှာ အလုပ်ဝင်လုပ်တာနဲ့ ကိုယ့်မိဘ အလုပ်ဝင်ကူတာ တကယ်တခြားဆီပါ။ ငယ်ငယ်လေးနဲ့ ဘာမာန်မှ ထားမနေကြနဲ့နော်။ မထားသင့်တဲ့ မာန်တွေထားရင် နေခြည့်တို့လို အသက်အရွယ်တစ်ခုရောက်လာလို့ ကိုယ်ပိုင် ပခုံးချင်းယှဉ်တဲ့အခါ စိတ်ဓါတ်ကျအားငယ်ရလိမ့်မယ်။ အခု ဆယ်တန်းဖြေထားကြတာဆိုတော့ Part Time လေးဘဲဝင်လုပ်လုပ် ဈေးဘဲကူရောင်းရောင်း သူများဆီမှာ ဝင်အလုပ်လုပ်ကြည့်။အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုပြီး ပြောထားပါတယ်။

နေခြည်က သူမကိုယ်တိုင် အဆင့်တွေများစွာကို ကျော်ဖြတ်ခဲ့ပြီး အခုဆိုရင် အောင်မြင်နေပြီဆိုပေမယ့်လည်း ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။ လူငယ်လေးတွေလည်း နေခြည်ပြောတာလေးကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိသွားမယ်လို့ ထင်ပါတယ်နော်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!