

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်နေ့တစ်ခြား အမေနဲ့တူပြီး ချစ်စရာကောင်းလာတဲ့ သမီးလေးတွေနဲ့ ပုံရိပ်လေးကို ချပြလာတဲ့ နန္ဒာလှိုင်

ဇင်ယော်တောင်မျက်ခုံးလေးနဲ့ အရမ်းလှတဲ့ မင်းသမီးချော နန္ဒာလှိုင်က တစ်ခေတ်တစ်ခါက ပရိသတ်တွေအားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က (၂၀၀၈) ခုနှစ်မှာ အိမ်ထောင်ကျပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်မလုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နန္ဒာလှိုင်က သူမရဲ့ သမီးသုံးယောက်ဖြစ်တဲ့ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင် တို့နဲ့ ဓာတ်ပုံလေးတစ်ပုံကို တင်ထားပါတယ်။ သမီးလေးသုံးယောက်စလုံးက မေမေနန္ဒာလှိုင်နဲ့တူပြီး ဖြူဖြူဖွေးဖွေးလေးတွေနဲ့ အရမ်းချစ်စရာကောင်းတာကို တွေ့ရပါတယ်။

နန္ဒာလှိုင်ကတော့ သူမရဲ့ သမီးသုံးယောက်နဲ့အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နန္ဒာလှိုင်တို့ သားအမိ လေးယောက်ရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Nandar Hlaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!