

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ချန်ဖူးပရိသတ်လေးတွေကို သတိရလို့ သူမအကောင့်ကို ပြန်သုံးနေတဲ့ ခြူးလေး”

MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” ရွှေဖူးစာဆုံရာမြေ”ဇာတ်ကားတွင် ချိုချိုချစ်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေးအဖြစ် ခြူးလေးကိုတော့ CeleConnections ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခြူးလေးကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာရော ဂီတပိုင်းမှာပါအောင်မြင်နေတဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။

ခြူးလေးကတော့ အိမ်မှာနားနေရင်း သူမရဲ့ချန်ဖူးလေးတွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ Tik tokဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ခြူးလေးက”ဟဲ့ hi ငါနင့်ဆီလာနေပြီ မင်းကလေးလေးဟုတ်တယ်မလား? အရမ်းသတိရတယ်၊ ချန်ဖူးလေးတို့ “လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမခန Fbသုံးတာ ရပ်နားလိုက်ပေမယ့် ချစ်ရတယ်ချန်ဖူးလေးတွေကို သတိရကြောင်း တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ခြူးလေးရဲ့ သတိရတယ်ဆိုတဲ့ အကြောင်းကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ ချန်ဖူးလေးတို့ကလည်း ခြူးလေးလိုဘဲ သတိရကြမယ်လို့ ထင်ပါတယ်။

Soure…Chue Chue ‘s Facebook
Angella(CeleConnections)

error: Alert: Content is protected !!