

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်တဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေစားဖို့အတွက် စားချင်စဖွယ်ကောင်းတဲ့ ဒိုးနတ်မုန့်လေးတွေ ပြုလုပ်ခဲ့တဲ့ ရွှေမှုံရတီရဲ့ ဗီဒီယို

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက အသက် (၂၀) အရွယ်မှာ အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျခဲ့ပြီး သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက ရုပ်ရှင်မင်းသမီးတစ်ယောက်ပီပီ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ပေမယ့် သူမရဲ့ မိသားစုလေးအပေါ်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကြည်နူးစရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ မိသားစုလေးကို စိတ်ဝင်တစား အားပေးကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေမှုံရတီက ချစ်တဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေစားဖို့အတွက် ဒိုးနတ်မုန့်လေးတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မိသားစုတွေအတွက် စေတနာအပြည့်နဲ့ မုန့်လုပ်ပေးနေတဲ့ ရွှေမှုံလေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးရဲ့ ဒိုးနတ်မုန့်လေးတွေကတော့ တကယ့်ကို စားချင်စရာပါပဲနော်။ ပရိသတ်ကြီးလည်း ရုပ်လေးလည်းချော၊ အိမ်မှုကိစ္စလည်း နိုင်နင်းတဲ့ ရွှေမှုံလေးရဲ့ ခင်ပွန်း ကိုရွှေထူးကို အားကျနေကြပြီ ထင်ပါတယ်နော်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections

error: Alert: Content is protected !!