

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ချစ်စရာကောင်းတဲ့ကောင်မလေးတွေရဲ့ အပြုအမှုလေးတွေကို ပြောပြလာတဲ့ ဧငြိမ်းဖြူ”

CeleConnections ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ အဆိုတော်ရဲရင့်အောင်ရဲ့ချစ်သူ ဧငြိမ်းဖြူနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဧငြိမ်းဖြူကတော့ ကြော်ငြာတွေနဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ နောက်ခံတင်ဆက်ပေးတဲ့ သူအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့အချစ်ရေးကတော့ ပရိသတ်တွေရဲ့ အားကျရဆုံးအတွဲတစ်တွဲပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အိမ်ထဲမှာနေရင်း သူမရဲ့ချောမောလှပလွန်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေမမေ့လျော့သွားအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဧငြိမ်းဖြူက”တစ်ချိန်လုံး ဘာစားရင်ကောင်းမလဲပဲ စဉ်းစားနေတဲ့ ကောင်မလေးတွေက သိပ်ချစ်စရာကောင်းပါတယ်”လို့ဆိုကာ သူမရဲ့ အခုလတ်တလောဖြစ်နေတဲ့ ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေက ဘာစားရမလဲလို့ စဉ်းစားနေတတ်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ဧငြိမ်းဖြူလေးရဲ့ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်တွေထဲမှာကော ဧငြိမ်းဖြူလေးလိုဘဲ ဘာစားရမလဲလို့ စဉ်းစားနေကြတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေရှိမယ်ထင်ပါတယ်။

Soure….A Nyein Phyu’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!