

 

 


 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

“Stay Home နေရင်း တစ်ယောက်သောသူအတွက် စိတ်ပူနေတဲ့ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ ဘင်ဂျမင်ဆုမ်း”

Myanmar Idol Season(4)ရဲ့ Runner Up တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းနဲ့ ပရိသတ်တွေကိုအထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ ထူးခြားတဲ့အသံပိုင်ရှင်မို့ ပရိသတ်တွေကသတိထားမိကာ အားပေးမှုအများဆုံးရရှိလာတဲ့အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့အားပေးတဲ့ပရိသတ်တွေရဲ့ အချစ်မလျော့သွားအောင်လည်း သီချင်းအသစ်တွေထွက်ရှိနိုင်အောင်လည်း အကောင်းဆုံးကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဘင်ဂျမင်ဆုမ်းကတော့ သူ့ရသမျှချွေးနှဲစာလေးထဲက လိုအပ်နေတဲ့သူတွေအတွက် အလှူဒါန်းလုပ်ခဲ့တဲ့မှတ်တမ်းပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဘင်ဂျမင်ဆုမ်းက”အိမ်မှာနေရင်းထိုင်ရင်း သူလေးကရော အိမ်မှာပဲနေမှာလား၊အပြင်တွေလျှောက်သွားနေမှာလား ဆိုပြီးစိတ်ပူနေမိတာပါ”ဆိုတဲ့ သူရဲ့စိုးရိမ်စိတ်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ စိတ်ပူတဲ့စကားလေးကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ဘင်ဂျမင်ဆုမ်းရဲ့ စိတ်ပူစွာရေးလာတဲ့ခံစားချက်လေးကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ဘင်ဂျမင်ဆုမ်းရဲ့စိတ်ပူတဲ့သူကို စိတ်ဝင်စားနေမယ်လို့ထင်ပါတယ်။
Soure…Benjamin Sum’s Facebook
Angella(CeleConnections)
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!