

 

 


 

 


 

 

Source: Sawkhu Hser’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid – 19 ကြောင့် ဖခင်ကြီး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကို ဖြေရှင်းလာတဲ့ တေးရေး စောခူဆဲ

Covid – 19 ကူးစက်ခံရတဲ့ လူနာတွေက အခုဆိုရင် ပြည်တွင်းမှာတင် အယောက်ပေါင်း (၉၀) ကျော်နေပြီပဲ ဖြစ်ပါတယ်။ Covid – 19 ကြောင့် သေဆုံးသွားသူ လူနာ စုစုပေါင်း (၅) ဦးရှိပြီး ဒီကနေ့မနက် (၂)နာရီကျော်မှာ ကွယ်လွန်သွားတဲ့ အသက် (၇၈) နှစ်အရွယ် အမျိုးသားဟာ တေးရေး စောခူဆဲရဲ့ ဖခင်ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ထိုသတင်းတွေနဲ့ ပက်သတ်ပြီး တေးရေးစောခူဆဲက ပရိသတ်တွေ စိတ်ရှင်းရအောင် အခုလိုပဲ ဖြေရှင်းထားတာကို တွေ့ရပါတယ်။

“ဒီမနက်အစောပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတဲ့ covid လူနာနဲ့ ကျွန်တော့ရဲ့ ကွယ်လွန်သူဖခင်ကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ အဖေကလွန်ခဲ့တဲ့ (၆)လလောက်ထဲက လူကြီး ဝေဒနာခံစားနေရတာပါ။ ဒီမနက် ၆:၂၅ ဆုံးတာပါအားလုံးသိဖို့ပါ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့်ပြောထားပါတယ်။

တေးရေးစောခူဆဲကတော့ သူ့ရဲ့ ဖခင်ဟာ Covid – 19 ကြောင့် ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းအမှားတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ စောခူဆဲရဲ့ ကွယ်လွန်သူ ဖခင်ကြီးလည်း ကောင်းရာမွန်ရာအရပ်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sawkhu Hser’s fb
Bilie – Cele Connections

error: Alert: Content is protected !!