

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid – 19 ကြောင့် အိမ်ထဲမှာပဲ မွန်းကြပ်နေပြီး အပြင်လောကကို တမ်းတနေသူတွေရဲ့ ခံစားချက်ကို အတိုင်းသားခံစားရမယ့် နီနီခင်ဇော်ရဲ့ သီချင်းအသစ်

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် နိုင်ငံကျော် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ နီနီခင်ဇော်ရဲ့ ကြည်လင်ပြတ်သားတဲ့အသံနဲ့ ပရိသတ်ရင်ကို ရိုက်ခတ်စေမယ့် သီချင်းကောင်းလေးတွေ သီဆိုတတ်တာကြောင့် လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နီနီခင်ဇော်က သီချင်းဆိုတဲ့အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နီနီခင်ဇော်က သူမရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေဆီ ချပြလာပါတယ်။ သီချင်းလေးနာမည်ကတော့ “တစ်နေ့” လို့ အမည်ရပြီး သူမအနေနဲ့ စိတ်ထဲမှာ မွန်းကြပ်မှုတွေကို သီချင်းအနေနဲ့ ပုံဖော်ထားတာတွေကို ဖော်ပြထားတာမို့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပတယ်နော်။

သီချင်းလေးက နီနီရဲ့ ခံစားချက်အစစ်အမှန်တွေကို တွေ့မြင်ရပြီး နားထောင်သူရဲ့ နှလုံးသားကိုပါ ဝမ်းနည်းမှုတွေ ဖြစ်စေလာပါတယ်။ နီနီခင်ဇော်ရဲ့ “တစ်နေ့” သီချင်းလေးကို နားထောင်ရင်း စိတ်တင်းပြီး အိမ်မှာပဲနေပေးပါလို့ တောင်းဆိုပါရစေနော်။

Source: Ni Ni Khin Zaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!