

 


 

 


 

 

Source: Warso Moe Oo
ယူနီကုတ်ဖြင့်ဖတ်ရန်

” မြန်မာဆန်ဆန် ကျက်သရေရှိလှတဲ့ စုံတွဲပုံရိပ်လေးနဲ့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး ”

CeleConnections eleConnectoionsပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ အရွယ်ရောက်လာတာနဲ့ အမျှ ပုရိသအပေါင်းကို ရင်ခုန်စေတဲ့ အလှတွေပေါ်လွင်လာကာ အမိုက်စားဘော်ဒီနဲ့ အထာကျကျမင်းသမီးတစ်လက်ဖြစ်လာတယ်ဆိုတာ အမှန်ပါပဲနော်။ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင်အလုပ်ကိုလုပ်ကိုင်လာခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ ပွဲတက်ဖက်ရှင်တွေကိုလည်း မိန်းကလေးတော်တော်များများက သဘောကျအားပေးလေ့ရှိကြပါတယ်။

အချစ်ရေးကတော့ နိုင်ငံကျော်အဆိုတော် ဖြိုးလေးနဲ့ချစ်သူသက်တမ်း(၄)နှစ်ကျော်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေအားကျရတဲ့ Idol Coupleတွေထဲက တစ်တွဲအပါအဝင်လို့ဆိုရမှာပါ။နှစ်ဖက်မိဘဆွေမျိုးတွေနဲ့လည်း ခင်မင်ရင်းနှီးကာ ဖြိုးလေးနဲ့အတူ အပန်းဖြေနိုင်ငံခြားခရီးတွေလည်း ထွက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ယခုဖြစ်ပွားနေတဲ့ Covid -19 နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကို ပရိသတ်တွေသိရှိအောင်တိုက်တွန်းနှိုးဆော်နေတဲ့ အနုပညာရှင်တွေထဲမှာ ဖြိုးလေးနဲ့ ဝါဆိုမိုဦးတို့စုံတွဲလည်း ပါဝင်နေပါတယ်နော်။

လက်ရှိမှာတော့ အိမ်မှာနေကာ သင်္ကြန်ရက်တွေကို ဖြတ်သန်းခဲ့ကြပြီး ” Happy new year ပါ
နှစ်သစ်မှစပြီ အစစ အရာရာ အဆင်ပြေပါစေစိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အရာရာကျော်ဖြတ်နိုင်ပါစေ ကပ်ဆိုးဘေးက အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ” ဆိုတဲ့ စာလေးနဲ့ မြန်မာဆန်ဆန်ကျက်သရေရှိတဲ့စုံတွဲပုံရိပ်လေးနဲ့ နှစ်သစ်ဆုတောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဝါဆိုနဲ့ ဖြိုးလေးတို့ စုံတွဲကို ဆုမွန်ကောင်းပြန်လည်တောင်းပေးခဲ့ပါဦးနော်။

Source: Warso Moe Oo
Candy – CeleConnections

error: Alert: Content is protected !!