

 

 


 

 


 

 

Source : KhinThazin
ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမချစ်တဲ့ပရိသတ်တွေကို မေးခွန်းတစ်ခုထုတ်လိုက်တဲ့ ခင်သဇင် ”

CeleConnections ပရိသတ်ကြီးရေ ခင်သဇင်ကတော့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေစတင်သတိထားမိလာပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ ” ထာဝရနှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်အားဖြည့်ထားသူတစ်ယောက်ပါ။ ခင်သဇင်ကတော့ အနုပညာအလုပ်တွေသာမက ပညာရေးဘက်မှာလည်းထူးချွန်တဲ့ ပါရမီရှိသူတစ်ယောက်လို့ဆိုရမှာပါ။

အားလပ်တဲ့အချိန်တွေမှာလည်း ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး တတ်မြောက်ထားတဲ့ ပညာတွေနဲ့ပြည်သူတွေကို အကျိုးပြုစေမယ့်အလုပ်တွေကိုလုပ်ဆောင်ရတာကြိုက်နှစ်သက်သူလေးလို့လဲသိရပါတယ်။ အခုနောက်ပိုင်း ကြော်ငြာတွေအပြင် အနုပညာပွဲတွေဆက်တိုက်တက်ရောက်ကာ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

အမြဲပရဟိတအလုပ်တွေကို လုပ်ဆောင်တတ်တဲ့ ခင်သဇင်ကတော့ အမြဲအနုပညာအလုပ်တွေကို ရရင်ရသလိုကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးလေးဖြစ်ပြီး လက်ရှိသူမပါဝင်ထားတဲ့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲကြီးကလည်း MRTV -4 မှာပြသနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမအနေနဲ့ TikTok ဆော့ဖို့အတွက် ဟိုးအရင်ထဲကအကောင့်ဖွင့်ထားပေမယ့် မဆော့ဖြစ်သေးတာကြောင့် ဆော့ရမလားလို့ သူမရဲ့ ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်တွေထဲမှာရော ခင်သဇင်ပရိသတ်တွေရှိရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : KhinThazin
Candy – CeleConnections

 

error: Alert: Content is protected !!