

 

 


 

 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

“သူငယ်ချင်းဖြစ်သူအောင်ရေချမ်းနဲ့ဇာတ်ကားတူတူရိုက်ရင်း အမှတ်တရလေးတွေကျန်ခဲ့တဲ့အကြောင်းကို ရင်ဖွင့်လာတဲ့ကျော်ဆု”

MRTV-4ရုပ်သံဇာတ်လမ်းတွဲရဲ့ ” ရွှေဖူးစာဆုံရာမြေ” ဇာတ်ကားထဲတွေပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး ကျော်ဆုနဲ့ CeleConnections ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ကျော်ဆုကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို အများဆုံးရရှိလာတဲ့မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့အားပေးနေတဲ့ပရိသတ်တွေအတွက် ဇာတ်ကားတော်တော်များများရိုက်ဖို့ကို ဆက်လက်ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

 

ကိုရိုနာရောဂါတွေကြောင့် အနုပညာအလုပ်ကို ခေတ္တရပ်နားကာ အိမ်မှာနေရင်း အမှတ်တရပုံရိပ်များကို သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ကျော်ဆုကတော့ တစစ်တမက် ကိုယ့်နှင့်သက်ကို ဇာတ်လမ်းတွေသရုပ်ဆောင်ခဲ့ကြတဲ့အောင်ရေချမ်းနဲ့”ဟျောင့်ဘာမှမဟုတ်ဘူးနော်အခုအချိန်မှာဒီဓါတ်ပုံလေးက..နောက်၁၀-၁၅နှစ်လောက်ကြာသွားရင်တော့ ငါတို့ လွမ်းရဦးမယ် အဲဒီအချိန်တွေကို “လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲက အမှတ်တရပုံလေးကိုကြည့်ကာ လွမ်းရအုံးမယ်လို့ဆိုကာတင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ကျော်ဆုတို့အနုပညာညီအစ်ကိုနှစ်ယောက်ရဲ့အမှတ်တရပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ကျော်ဆုတို့ကို အားပေးတယ်ဆိုရင် မှတ်ချက်လေးရေးပေးခဲ့ကြပါနော်။
Soure…Kyaw Su’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!