

 

 


 

 


 

 

Source : Mg MgAye
Candy – Cele Connection
ယူနီကုတ်ဖြင့်ဖတ်ရန်

” မိန်းမသားထုကြီးရဲ့ အသည်းကျော်စိုင်းစိုင်းခမ်းလှိုင်နဲ့ Video Call ပြောဖြစ်ခဲ့ကြောင်းကို အရွှန်းဖောက်လိုက်တဲ့ မောင်မောင်အေး ”

CeleConnections ပရိသတ်ကြီးရေ အစီအစဉ်တင်ဆက်သူမောင်မောင်အေးကတော့ ပရဟိတလုပ်ငန်းတွေကို အစဉ်မပြတ်လုပ်ဆာင်နေသူတစ်ဦးပါ။ ပရိသတ်တွေအတွက် အမြဲ တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေလည်းအမြဲဝေမျှလေ့ရှိသူဆိုရင်မှားမယ်မထင်ပါဘူးနော်။

ယခုဖြစ်ပွားလျက်ရှိတဲ့ Covid 19နဲ့ပတ်သက်ပြီးလည်း ရှေ့ဆုံးကနေ တတပ်တအားပါဝင်ကာဆောင်ရွက်လျက်ရှိတဲ့အပြင် ဆောင်ရန်ရှောင်ရန်တွေအပြင် Covid 19နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးလျက်ရှိနေတာပါပဲနော်။

ဒီနေ့မှာတော့ မြန်မာနိုင်ငံကမိန်းကလေးပရိသတ်တွေအသည်းကျော် အဆိုတော်မင်းသားစိုင်းခမ်းလှိုင်ကို ဆေးထိုးစနောက်အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ” “ ခေါင်းလျှော်ချင်လို့ ဒီအချိန် ဘယ်ဆိုင်ဖွင့်လဲ ? “ လာမေးနေတာနဲ့ သေချာရှင်းပြရတယ်…..ဆံပင်ဆိုတာ ပိုးမွှားတွေကပ်လာနိုင်လို့ ကိုယ်တွေတောင် ခါးလောက်ရှိခဲ့တဲ့ဆံပင်တွေ မနေ့က အကုန်ညှပ်ချလိုက်ပြီ လို့…..ဆံပင်မရှိလည်း ချောနေတဲ့ကိုယ်တွေအတွက် ဒါမျိုးခပ်လွယ်လွယ်ဆုံးဖြတ်ချက်ချရဲပေမင့် သူ့အနေနဲ့တော့ ကွန်ဖီးဒန့်လယ်ဗယ် အဲ့လောက်မများဘူးဖြစ်နေလို့ တချက်တော့ချိန်ကြည့်ပါဦးမယ်လေ တဲ့….ကောင်းဘီ … လို့ပြောပြီး ဘီဒိုခေါ အဆုံးသတ် နှုတ်ဆက်လိုက်ပါတယ်….. ” ဆိုတဲ့စာလေးနဲ့ အရွှန်းဖောက်ကာ Video Call ပြောဖြစ်ခဲ့ပုံပြောထားတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးထဲမှာရောစိုင်းစိုင်းနဲ့ Video Call ပြောဖြစ်ခဲ့ မောင်မောင်အေးကို မနာလိုဖြစ်နေတဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Mg MgAye
Candy – Cele Connection

error: Alert: Content is protected !!