

 



 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

 

“မထင်မှတ်ထားလောက်အောင် မြန်မာအကကိုကျွမ်းကျွမ်းကျင်ကျင်ကပြလိုက်တဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယိုဖိုင်အသစ်လေး”

 

ငယ်ငယ်ကတည်းကဇာတ်ကားထဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဘာဘီရုပ်မလေးလိုချစ်စဖွယ်ကောင်းလှတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးနဲ့ ပရိသတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုကဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာလည်း အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့အပြင် ဂီတပိုင်းမှာလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့”ရူးအောင်ချစ်ရသူ”သီချင်းဟာဆိုရင် ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်နေတဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

နန်းဆုကတော့ အိမ်မှာနေရင်း ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မြန်မာနှစ်သစ်ရဲ့နှစ်ဆန်းတစ်ရက်နေ့မှာ နန်းဆုက ” tik tokလေးဆော့ကာ မြန်မာအကလေးကထားတဲ့ ဗီဒီယိုဖိုင်လေးကို “သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ မြန်မာအကလေးကထားတာချစ်ဖို့အရမ်းကောင်းပြီး ဘက်စုံထူးချွန်ကြောင်း တင်ပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့. ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း နန်းဆုရတီစိုးရဲ့ အကဗီဒီယိုဖိုင်လေးကြည့်ကာ နှစ်သစ်ကူးကစပြီး ပျော်ရွှင်ချမ်းမြေ့ရမယ်ထင်ပါတယ်။
Soure….Nan Su Yati Soe’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!